ပရိသတ်ကြီးရေ.. တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးမှုလေးတွေနဲ့ အမြဲရိုမန်တစ်ဆန်ဆန်ချစ်တက်ကြတာမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ Idol စုံတွဲလေးကတော့ သရုပ်ဆောင်စမိုင်းလ်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်..။

ဘဝကို အောက်ခြေကနေ စတင်ကြိုးစားပြီး အောင်မြင်လာခဲ့ကြတဲ့ ကိုပြည့်မောင်နဲ့ စမိုင်းလ်တို့ကတော့ နှစ်ယောက်သား အရမ်းကိုချစ်ကြပြီး သမီးလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်..။


Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE

တစ်ယောက်ကိုတစ်ယောက် Surprise လုပ်ပြီး အမြဲပျော်အောင်လုပ်တတ်ကြတဲ့ သူတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ချစ်သူများနေ့က ဘောလုံးကွင်းတစ်ကွင်းလုံးဌားပြီး ပြုလုပ်ခဲ့တဲ့ Surprise လေးကတော့ ပရိသတ်တွေကိုပါ ကြည်နူးမှုအပျော်လေးတွေ ကူးစက်စေခဲ့ပါတယ်နော်..။

ကိူပြည့်မောင်ကတော့ ချစ်ဇနီးလေးကို အခုလို ကြည်ကြည်နူးနူးလေး Surprise လုပ်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြလာပြီး စမိုင်းလ်ကလည်း ခင်ပွန်းဖြစ်သူဆီက မမျှော်လင့်တဲ့ Surprise လက်ဆောင်လေး ရခဲ့တာမို့ ရှော့ဖြစ်ရလောက်အောင် ကြည်နူးပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်နော်..။


Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE

သူတို့နှစ်ယောက် ကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်လေးတွေကို အသေးစိတ်ကအစအချိန်ပေးကာ ကာတွန်းကားလေးအဖြစ်ဖန်တီးပြီး ဘောလုံးကွင်းမှာ ချစ်ဇနီးလေးကို Surprise လုပ် ပြသကာ သူ့ရဲ့အချစ်တွေကို ထုတ်ဖော်ခဲ့တဲ့ အကြောင်းလေးကတော့ မင်းသမီးဖြစ်နေတဲ့အချိန်မှာတောင် အောင်မြင်မှုကိုစွန့်လွှတ်ပြီး ခက်ခဲနေတဲ့သူအနားမှာ အမြဲအတူရပ်တည်ဖေးမပေးခဲ့တဲ့ ချစ်ဇနီးလေးကို ကျေးဇူးတင်လို့ပါဆိုပြီးတော့ ကိုပြည့်မောင်က ပြောပြထားပါတယ်နော်..။

သူတို့ရဲ့ဘဝဇာတ်ကြောင်းကာကွန်းလေးကို နှစ်ယောက်သားအတူကြည့်ရင်း မျက်ရည်ကျကာ ကြည်နူးခဲ့ကြတဲ့ အမှတ်တရလေးတွေကိုလည်း ကြည်နူးပျော်ရွှင်စွာနဲ့ ပြောပြထားကြတဲ့ စမိုင်းလ်တို့စုံတွဲလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE
Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE

Photo Credit - စမိုင်းလ်-Smile’s FB Account & EXPOSURE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။