ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ ငယ်စဉ်ကတည်းက ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ မင်းသမီးချောလေး ယွန်းယွန်းပဲ ဖြစ်ပါတယ်နော်..။

ကလေးဘဝတည်းက ပြည်သူ့အသည်းကျော်လေးအဖြစ် ရပ်တည်အောင်မြင်ခဲ့တဲ့ ယွန်းယွန်းလေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာကာ ယောကျ်ားလေးမိန်းကလေး ပရိသတ်တွေမရွေး အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားသူပါပဲ..။


Photo Credit - Mie Mie Lay
Photo Credit - Ma Hsu Myat Noe

ပရိသတ်အချစ်တော်အနုပညာရှင်လေး တစ်ယောက်ဖြစ်တဲ့အတိုင်း အားလုံးကလည်း သူမရဲ့အချစ်ရေးလေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြသလို အချစ်ရေးနဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလဟာလသတင်းတွေအကြောင်းကို ပြောပြလာပါတယ်..။

ယွန်းယွန်းလေးကတော့ အချစ်ရေးကောလဟာလသတင်းတွေကို စိတ်မညစ်ဘဲ ကလေးဘဝကထဲက ပရိသတ်တွေရင်းနှီးချစ်ခင်ခဲ့ကြတဲ့ သူမကို အခြားမင်းသမီးတွေထက် ပိုချစ်ခင်ကြပြီး ကောင်းစေချင်လို့ ဂရုတစိုက်နဲ့ စိတ်ပူပေးကြတာမို့ စိတ်မညစ်ဘူးဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Ko Bhone
Photo Credit - Yoon Yoon's FB Account

“သမီးကိုဆိုရင် ကောင်းစေချင်တယ် ပညာရေးဆိုလည်း ဂရစိုက်ပြီးအားပေးကြတယ် အနုပညာတစ်ခုတည်းမဟုတ်ဘူး အဘက်ဘက်ကိုဝိုင်းပြီး စိတ်ပူပေးကြတယ်ပေါ့နော် အဲ့လိုပဲ ညီမအချစ်ရေးကိုလည်း သူတို့ဝိုင်းပြီးတော့ စိတ်ဝင်တစားနဲ့ စိတ်ပူပေးတယ်ဆိုတာကို ကောလဟာလထွက်တယ်ဆိုပြီးတော့ စိတ်ညစ်တာမရှိဘူး ကိုယ့်ကို ဂရုစိုက်တယ် ချစ်တယ်ဆိုတာ ပျော်တယ် စိတ်ထဲမှာအဲ့လိုပဲ ရှိတယ်..” ဆိုပြီး ယွန်းယွန်းလေးက ပြောပြထားတာပါ..။

ချစ်သူထားဖို့ကတော့ ဘယ်အရွယ်မှာ ဘာလုပ်မယ်ဆိုတာတော့မရှိသလို ဖြစ်ချိန်တန်လို့ ဖြစ်ဖို့သင့်တော်လာရင်တော့ အရာအားလုံးက သူ့ဘာသာသူဖြစ်သွားလိမ့်မယ်ဆိုပြီး အေးအေးဆေးဆေးပဲ တွေးထားတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ ယွန်းယွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Yoon Yoon's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။