ပရိသတ်ကြီးရေ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ မိစန္ဒီကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ Rap, Hip- Hop, Pop စတဲ့ ဂီတသီချင်းအမျိုးအစားတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

သူမဟာ ပရိတ်သတ်အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှုကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျလှပနေသူလည်းဖြစ်ပါတယ်။သူမဟာခရီးတွေ မကြာခဏဆိုသလို ထွက်ရှိနေတာဖြစ်ပြီး လတ်တလောမှာတော့ ချစ်စရာအရမ်းကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို နူတ်ဆက်လိုက်တဲ့ အသည်းယားစရာဗီဒီယိုလေးကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

ဆွဲဆောင်မှုရှိရှိနဲ့ချစ်စရာကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိတ်သတ်တွေကို အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုလေးနဲ့ ပုံရိပ်လေးတွေကိုကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။မိစန္ဒီလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

Source & Photo Credit : Mi Sandi Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။