ဒီတစ်ခါ ဗဟုသုတကဏ္ဍ အစီအစဉ်ကနေ ထူးခြားအံ့သြဖွယ် အကြောင်းအရာတစ်ခုလို့ ပြောရမယ့် "Big Foot"ဆိုတဲ့ အကောင်ကြီးတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ "Big Foot"ဆိုတာကတော့ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းက ဒေသခံတွေရဲ့ ဒဏ္ဍာရီလာ တိရိစ္ဆာန်ကြီးတွေပဲဖြစ်ပါတယ်။ ဒီကောင်ကြီးတွေဟာ အရပ် ၆ပေမှ ၉ပေ အတွင်းရှိပြီး သမင်၊ ဒရယ်အစရှိတဲ့ တိရိစ္ဆာန်လေးတွေကို သူတို့ရဲ့ အစာလို့ သတ်မှတ်တာ ဖြစ်ပါတယ်။ 

Photo credit Once A Glance Page

အဲ့လိုထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အကောင်ကြီးတွေရဲ့ ဆက်သွယ်ပုံကတော့ လေချွန်သံလိုလို၊ ရေကျသံလိုလို အသံပြုတတ်ပြီး သူတို့အချင်းချင်း ခြေဟန်၊ လက်ဟန်ဖြင့် စကားပြောဆိုကြတာ ဖြစ်ပါတယ်။ "Big Foot"တွေဟာ လူသားတွေကို လုံးဝ ရင်မဆိုင်ချင်ပေမဲ့ အထီးတွေကတော့ လူသား အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်ကာ မျိုးပွားမှု ပြုလုပ်တတ်ပါတယ်။ တစ်ချို့ Big foot အမျိုး အနွယ်တွေက လူသားအသက်ကို ကယ်တင်ခဲ့ဖူးသလို၊ တစ်ချို့ Big foot အမျိုး အနွယ်တွေကတော့ လူသားတွေ ကို ရန်မူခဲ့ကြောင်း သက်သေအထောက် အထားများလည်းရှိပါတယ်။

Photo credit Once A Glance Page

အချို့သောသူတွေရဲ့ ပြောဆိုပုံအရ "Big Foot" တွေဟာ လျှင်မြန်လွန်းတာကြောင့် ကိုယ်ယောင် ဖျောက်သွားတယ်လို့တောင် တင်စားကြပါတယ်။ ရုရှား၊ မလေးရှား နှင့် အာရှတစ်ခွင်ရဲ့ တောနက်တွေမှာလည်း အခန့်မသင့်ရင် "Big foot" မျိုးကွဲတွေကို တွေ့ရတတ်တာ ဖြစ်ပါတယ်။ လူသားတွေကို လျှင်မြန်စွာ ပြန်လည် လှည့်ဖျားတတ်လို့ ( Aline hybrid) ဂြိုလ်သားနှင့် လူပေါင်းစပ်ထားသော သတ္တဝါအကောင်ကြီးတွေလို့တောင် တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

Source သံ ဇဉ် မိုးဇတ်

Photo credit Once A Glance Page 

Photo credit Once A Glance Page
Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။