အနုပညာလောကမှာ နှစ်အတော်ကြာရပ်တည်အောင်မြင်နေပြီး ကြည်လင်အေးမြတဲ့ရုပ်ရည်လေးနဲ့ အကယ်ဒမီမင်းသမီး‌ချောလေးစိုးပြည့်သဇင်ကို ပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့စတင်အောင်မြင်လာပြီး ပရိတ်သတ်လက်ခံတဲ့ မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ လတ်တလောတွင် ဇာတ်လမ်းတွဲများ ရုပ်ရှင်ကားကြီးများရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာဖြစ်ပါတယ်။


Photo Credit-Soe Pyae Thazin's Facebook acc
Photo Credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် "ဖျော့တော့တော့ပန်းရောင်လေးကိုဖျော့တော့တော့အပြုံးလေးနဲ့တွဲပေးမိပါတယ် လိုက်ဖက်မလားလို့" ဆိုတဲ့captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ ပန်းနုရောင်ဂါ၀န်လေးကို၀တ်ဆင်ထားပြီး ဖြူစင်အေးမြတဲ့အပြုံးလေးနဲ့ လှနေတာပါနော်။


Photo Credit-Soe Pyae Thazin's Facebook acc
Photo Credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ပါ၀င်သရုပ်ဆောင်ထားတဲ့ ရွှေမင်းသမီးဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း ယခုအချိန်တွင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော စိုးပြည့်လေးကိုအားပေးကြမယ်မလား။ ချစ်စရာကောင်းနေတဲ့ စိုးပြည့်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Soe Pyae Thazin's Facebook acc
Photo Credit-Soe Pyae Thazin's Facebook acc

Source-Soe Pyae Thazin's Facebook acc

Photo Credit-Soe Pyae Thazin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။