ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သွားကျန်းမာ သန့်ရှင်းဖို့အတွက် အိမ်တိုင်းမှာ ဆောင်ထားလေ့ရှိတဲ့ နေ့စဉ်သုံး အသုံးအဆောင်တစ်ခုဖြစ်သော သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံများနဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပအားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အခုတစ်ခါပြောပြပေးမယ့် သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံကတော့ မျက်မှန်တပ်ရတဲ့ သူတွေအတွက် အဆင်ပြေချောမွေ့စွာ သန့်ရှင်းရေးပြုလုပ်လို့ရမယ့် အကြောင်းပဲ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်ကို အချိန်ကြာမြင့်စွာ တပ်ဆင်ထားပါက ဒါမှမဟုတ် လုပ်ငန်းသုံးမျက်မှန်များကို ဆက်တိုက် အသုံးပြုပြီးပါက မှန်ပေါ်တွင် အမှုန်များကပ်ကာ အရောင်မှုန်လာတာကို ပရိသတ်ကြီး သတိထားမိကြမှာ ဖြစ်ပါတယ်။ အဲ့လို မျက်မှန်များ အရောင်မှုန်လာတဲ့အခါမှာ ရေဆေးလိုက်ပါက ပြန်လည် ကြည်လင်သွားမယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဒါပေမယ့် မှန်ကို ရေနဲ့ဆေးလိုက်ရုံဖြင့် လုံးလုံးကြီး ကြည်လင်သွားမှာတော့ မဟုတ်ပါဘူးနော်.....။

photo credit pngtree

သွားတိုက်ဆေးဖြင့် ပွတ်တိုက်ဆေးမှသာ မျက်မှန်က ပိုပြီး ကြည့်လို့ကောင်းသွားမှာ ဖြစ်ပါတယ်။ သွားတိုက်ဆေးက မှန်ပေါ်တွင်ကပ်နေတဲ့ အမှုန်များကို ဖယ်ရှားနိုင်တာကြောင့် မျက်မှန်သမားတွေအတွက် အမြင်ပြန်လည် ကြည်လင်အောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ဆေးကြောပုံ၊ ဆေးကြောနည်းကတော့ နူးညံ့သော အဝတ်စတစ်ခုတွင် သွားတိုက်ဆေး အနည်းငယ်ထည့်ပြီး မှန်များ၊ မှန်ဘီလူးများကို မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပေးပြီးမှာသာ ရေဆေး၊ အခြောက်ခံရမှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။