ပရိတ်သတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံဟာ သာယာချမ်းမြေ့ပြီး ပျော်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြလိုလိုက်ဖက်ညီလှတဲ့ သူတို့စုံတွဲလေးဟာ ဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေ တစ်ယောက်နဲ့တစ်ယောက်တွဲလက်ခိုင်ခိုင်မာမာနဲ့ရှေ့ဆက်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင် သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားနေကြတာဖြစ်ပါတယ်။


Photo Credit-Shwe Mhone Yati's Facebook acc
Photo Credit-Shwe Mhone Yati's Facebook acc

မကြာသေးမီက ရွှေထူးဟာသူ့ရဲ့ facebookစာမျက်နှာတွင် "ဒီနေ့ ရိုက်ကူးရေး ရိုက်ဖြစ်ကြတဲ့ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှာ ငွေကျပ် ၅ သိန်းလှူဖြစ်ခဲ့တယ်" ဆိုတဲ့အကြောင်းကို ရေးသားဖော်ပြလာပါတယ်။ ရွှေထူးနဲ့ရွှေမှုံလေးဟာ ရုပ်ရှင်ကားကြီးတစ်ခုအတူရိုက်ကူးနေကြရင်း တတ်နိုင်သလောက် အလှူလေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။


Photo Credit-Shwe Mhone Yati's Facebook acc
Photo Credit-Shwe Mhone Yati's Facebook acc

ရွှေထူးတို့ ဇနီးမောင်နှံဟာ ကမ်းဆိုတဲ့ရုပ်ရှင်ကားကြီးကို အတွဲညီညီနဲ့အတူပါ၀င်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီကားကြီးရုံတင်ရင် ပရိတ်သတ်ကြီးအားပေးကြမယ်မလား။ အလှူဒါနပြုခဲ့တဲ့ ရွှေထူးတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htoo Khant's Facebook
Photo Credit-Htoo Khant's Facebook

Source-Htoo Khant's Facebook/Shwe Mhone Yati's Facebook acc

Photo Credit-Htoo Khant's Facebook/Shwe Mhone Yati's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။