ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရှမ်းယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်ကို ညနေ ၃:၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၂ နေရာ မှာရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၂မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook Page

ပွဲစဉ်-၇ ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲလို့ဆိုနိုင်တဲ့ ယနေ့ပွဲစဉ်ကို MRTV နဲ့ My Sports Facebook Pageတို့ကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက်ကြည့်လို့ကောင်းတဲ့ ပွဲကောင်း တစ်ပွဲဖြစ်ပြီး ပြိုင်ဆိုင်မှုတွေကလည်းပြင်းထန်စွာ ယှဉ်ပြိုင်ကစား သွားကြမှာလည်းဖြစ်ပါတယ်နော်....။

Photo Credit - Yangon United FC Facebook Page

ဒါပေမယ့် အသင်းနဲ့အတူတူ အသံကုန်ဟစ် အားပေးချင်တယ်ဆိုရင်တော့ ကွင်းထဲအရောက်လာခဲ့မှဖြစ်မယ်နော်။ဘယ်လိုကစားကွက်အပြောင်းအလဲတွေ ပွဲထွက်လာမလဲ...သင်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေရောပါဝင်လာမလားဆိုတာကို ဆက်ဆက်စောင့်ကြည့်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Photo Credit - Yangon United FC Facebook Page

Source - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။