MPT မြန်မာနေရှင်နယ်လိဂ် ၂ဝ၂၀ အမှတ်ပေးဘောလုံးပြိုင် ပွဲစဉ်(၇) အဖြစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် ၊ ပုသိမ် ကျောက်တိုင်ကွင်းမှာ အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်း နှင့် ရတနာပုံအသင်း တို့ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ပွဲစဉ် (၆)အပြီး ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၁၆ မှတ်နဲ့ အဆင့်(၃) နေရာမှာ ရပ်တည်နေပြီး ဧည့်သည် ရတနာပုံအသင်းက ရမှတ် ၅ မှတ်ဖြင့် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit - Myanmar National League Facebook page

လက်ရှိ ဒီနှစ်သင်းကြား အမှတ်ကွာဟမှုက ၁၁ မှတ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မလား... ရတနာပုံအသင်းကပဲ ရလဒ်ဆိုးရွားနေမှုတွေကြားက ပြန်လည် ရုန်းထွက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ယင်း ပွဲလည်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်နော်...။

Photo Credit - Myanmar National League Facebook page

ပြီးခဲ့နှစ် ကျောက်တိုင်ကွင်း တွေ့ဆုံမှုမှာ ဧရာဝတီယူနိုက်တက်(၅-၂) ရတနာပုံအက်ဖ်စီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း ရမှတ်တွေလိုနေတဲ့ ရတနာပုံအသင်းက အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို ဧရာဝတီယူနိုက်တက် အသင်းကလည်း နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် ပရိသတ်ကြီးလည်း စောင့်မျှော်ကြည့်ရှုပေးပါဦးနော်....။

Photo Credit - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။