၂၀၂၀ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်း နှင့် Royal D သီးစုံ-ဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ညနေ က ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မတိုင်မီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo Credit - Yangon United FC Facebook Page
Photo Credit - Yangon United FC Facebook Page

အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး၊ Myanmar Oasis Royal-D မှ ဒါရိုက်တာ ဦးဝေလင်း နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ရှေးဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က လက်မှတ်ရေးထိုးထားသည့် Sponsorship စာချုပ်အား Myanmar Oasis Royal-D မှ ဒါရိုက်တာ ဦးဝေလင်း အား ပေးအပ်ခဲ့ပါတယ်။

Photo Credit - Yangon United FC Facebook Page
Photo Credit - Yangon United FC Facebook Page

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က အမှတ်တရဂျာစီလက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။ကဲ ....ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း တို့ရဲ့ ပွဲချိန်မစမီ ၂၀၂၀ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်း နှင့် Royal D သီးစုံ-ဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနား ပြုလုပ်ခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yangon United FC Facebook Page

Source - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။