ဒီကနေ့ ညနေပိုင်းက MPT Myanmar National League 2020 ပွဲစဉ် ၇ ရဲ့ ပွဲစဉ် တစ်ပွဲအြဖစ် ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ YUSC မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရှမ်းယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဘက် ၂ ဂိုးစီနဲ့ သရေရလဒ်နဲ့အတူ ရမှတ် တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။အသင်းကြီးတွေ ထိပ်တိုက်တွေ့တဲ့ ပွဲပီပီ ပွဲကအတော်လေး လျှင်မြန်ခဲ့ပြီး အဖွင့်ဂိုးကိုလည်း ပွဲချိန် အစောပိုင်းမှာပဲ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - yangon united Facebook page
Photo Credit - yangon united Facebook page

အဖွင့်ဂိုးကို စတင်ရရှိသွားတဲ့ အသင်းက ဧည့်သည် ရှမ်းယူနိုက်တက် အသင်းဖြစ်ပြီး ပွဲချိန် ၁၂ မှာအဝေးခေါင်းတိုက်ချက်နဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၂၉ မိနစ်မှာ ကွင်းလယ်လူ ရှိုရီမူရာတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၄ မိနစ် အရောက်မှာ ဘာဖိုက မောင်မောင်လွင် ပေးတာကနေ လှလှပပ ခေါင်းတိုက်ပြီး ရန်ကုန်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ 

Photo Credit - shan united Facebook page
Photo Credit - shan united Facebook page

ဒီနေ့ပွဲမှာ တိုက်စစ်မှူးအဖြစ် ပွဲထွက်လာတဲ့ အဘူဘာကာက ရှမ်းယူနိုက်တက် အတွက် အဖိုးတန် ချေပဂိုးကို ပွဲချိန် ၇၇ မိနစ်မှာ ဧရိယာ အပြင်ကနေ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။လက်ကျန် မိနစ်တွေကတော့ နှစ်သင်းလုံး အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ အားထုတ်ရင်းနဲ့သာ ကုန်ဆုံးခဲ့ရပြီး ဘယ်အသင်းကမှ အနိုင်ဂိုး ထပ်မံသွင်းယူနိုင်ခြင်း မရှိတာကြောင့် ပွဲက (၂) ဂိုးစီ သရေ ဆိုတဲ့ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

source - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။