ရာသီအစ ၆ ပွဲမှာ ရမှတ် ရယူထားနိုင်ခြင်း မရှိသေးတဲ့ ဆောက်သမ်းမြန်မာ အသင်းဟာ ခုတစ်ပတ် ပွဲစဉ် (၇) မှာတော့ ချင်းယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ကစားပြီး အသင်းအတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ကို စတင်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲကို ဆောက်သမ်းမြန်မာ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ မော်လမြိုင်မြို့က ကျောင်းသားကွင်းကြီးထဲမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေ သွင်းယူကာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဆောက်သမ်းမြန်မာ အသင်းအနေနဲ့ ပထမပိုင်း အပြီးမှာ ကတည်းက ချင်းယူနိုက်တက်ကို ၄−၀ ဂိုးနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး အောင်မြတ်သူက ပွဲချိန် ၂၅ မိနစ်နဲ့ ထပ်ဆောင်းအချိန်ပို ၂ မိနစ်တွေမှာ ၂ ဂိုး၊ ရန်ကျော်ထွေးက မိနစ် ၄၀ နဲ့ ပိုင်စိုးဝေက ပထမပိုင်း အပြီး ထပ်ဆောင်းအချိန်ပို ၁ မိနစ်မှာ ၁ ဂိုး အသီးသီး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒုတိယပိုင်းကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပိုမိုအကြိတ်အနယ် ရှိခဲ့ပြီး နှစ်သင်းပေါင်း (၇) ဂိုးထိ ထပ်မံသွင်းယူခဲ့ကြပါတယ်။ ဆောက်သမ်းမြန်မာရဲ့ သွင်းဂိုးတွေကို အောင်မြတ်သူက ၄၆ မိနစ်၊ ရှိုင်းသူရက ၇၁ မိနစ်၊ ရန်ကျော်ထွေးက ၈၆ မိနစ်နဲ့ ဖြိုးသက်ဦးတို့က ၈၃ မိနစ် တွေမှာ ထပ်မံသွင်းပေးခဲ့ပြီး ချင်းယူနိုက်တက် အတွက် ဂိုးတွေကိုတော့ ဆင်မြူရယ်က ၄၈ မိနစ်၊ အာကာပိုက ၅၈ မိနစ်နဲ့ နန်းမင်းအောင်တို့က ၇၂ မိနစ်တွေမှာ အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။