အစားတစ်လိုင်းပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အရသာကော အနံ့သာကော တစ်မူထူးခြားတဲ့ ဝက်နံရိုးမုန့်ညှင်းစော ဟင်းလျာ ချက်ပြုတ်နည်းကို ဗီဒီယိုဖိုင်နဲ့တကွ ပြသပေးသွားမှာ ဖြစ်ပါတယ်။ MLTV ရဲ့ ပင်တိုင်စာဖိုမှူးဖြစ်တဲ့ "Master Chef Myanmar Seanson 1" ရဲ့ top 3 ပြိုင်ပွဲဝင် မနီလာအောင်ဝင်းက တက်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo by MLTV

ဟင်းပွဲမှာပါဝင်တဲ့ ပစ္စည်းလေးတွေကတော့ ဝက်နံရိုး၊ မုန့်ညှင်းစိမ်း၊ ချဉ်စော်ခါးသီးခြောက်၊ မန်ကျည်းသီး၊ ခရမ်းချဉ်သီး၊ ကြံသကာ၊ ဂျင်း၊ ကြက်သွန်အနီအဖြူ၊ ငရုပ်သီးခြောက် အစရှိတာတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ငရုပ်သီး လှော်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လှော်ထားတဲ့ ငရုပ်သီးကို ထောင်းရမှာပါ။

Photo by MLTV

နောက်တစ်ဆင့်အနေနဲ့ ချက်မယ့်အိုးထဲကို ဝက်နံရိုးထည့်ပါ၊ ချဉ်စော်ခါးသီးခြောက်၊ မန်ကျည်းသီး၊ ကြံသကာ၊ ခရမ်းချဉ်သီးတို့နဲ့ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊နီ တို့ကို ထည့်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး...နနွင်းမှုန့်၊ ငရုပ်သီးအစိမ်းမှုန့်၊ ဆားအနည်းငယ်၊ ကြက်သားမှုန့်၊ ဆီ၊ ငပိတို့ကို အနည်းငယ်စီထည့်ပြီး နှံ့အောင်နယ်ပါ။ ရေအနည်းငယ်ထည့်ပြီး ချက်ရတော့မှာ ဖြစ်ပါတယ်။ ပွက်ပွက်ဆူတဲ့အခါမှာ မုန့်ညှင်းစိမ်းကို ထည့်ပြီးချက်လိုက်မယ်ဆိုရင်တော့ ကောင်းမွန်ပြည့်စုံတဲ့ ဝက်နံရိုးမုန့်ညှင်းစော ဟင်းလျာကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Photo by MLTV

Photo by MLTV
Photo by MLTV
Photo by MLTV
Photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။