ဆောက်သမ်းမြန်မာ အသင်းဟာ ခုတစ်ပတ် ပွဲစဉ် (၇) မှာတော့ ချင်းယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ကစားပြီး အသင်းအတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ကို စတင်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲကို ဆောက်သမ်းမြန်မာ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ မော်လမြိုင်မြို့က ကျောင်းသားကွင်းကြီးထဲမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် အဆိုပါပွဲစဥ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး ဆောက်သမ်းမြန်မာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့တဲ့ အသင်းနောက်ခံလူ သန်းဇော်မျိုးကတော့ အပြည့်အ၀မပျော်ရွှင်နိုင်ပါဘူး။ မိခင်ဖြစ်ရဲ့ နာရေးကိစ္စ ရှိနေခဲ့သော်လည်း အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့တဲ့ နောက်ခံလူ သန်းဇော်မျိုးရဲ့ စိတ်ဓာတ်ကတော့ လေးစားချီးကျူးစရာကောင်းပါတယ်။
ပွဲအပြီးမှာ ငိုကြွေးခဲ့တဲ့ ဆောက်သမ်းမြန်မာ အသင်းနောက်ခံလူ သန်းဇော်မျိုးရဲ့ ပုံရိပ်လေးဟာ ဘောလုံးဝါသနာရှင်ပရိသတ်တွေကိုဝမ်းနည်းစေခဲ့ပါတယ်။ ဆောက်သမ်းမြန်မာ အသင်းအနေနဲ့ ပထမပိုင်း အပြီးမှာ ကတည်းက ချင်းယူနိုက်တက်ကို ၄−၀ ဂိုးနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီးပွဲအပြီးမှာတော့ ၈ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
source: Myanmar National League Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။