ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာဈေးအကြီးဆုံး ကလေးကစားအရုပ် နှစ်ရုပ်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပအားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

ပထမဦးဆုံး ပြောပြပေးမယ့်အရုပ်လေးကတော့ "Diamond Teddy Bear"ဆိုတဲ့ အရုပ်လေးအကြောင်းပဲ ဖြစ်ပါတယ်။ ထိုအရုပ်လေးကတော့ ဂျာမန် ကုမ္ပဏီတစ်ခုက ၁၂၅ ပြည့်နှစ် အထိမ်းအမှတ် အနေနဲ့ စိန်စီထားတဲ့ ဝက်ဝံ အရုပ်လေးတွေကို အရည်အတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ US ဒေါ်လာ ၁၉၃၀၀၀ ဖြစ်ပြီး မြန်မာငွေ အနေနဲ့ တွက်ကြည့်မယ်ဆိုရင် သိန်း၂ထောင်ကျော် ကျသင့်မှာ ဖြစ်ပါတယ်။

photo credit Once A Glance Page

နောက်ထပ် အရုပ်လေးကတော့ "Original G.L Joe"ဆိုတဲ့ အရုပ်လေးပဲ ဖြစ်ပါတယ်။ အဲ့အရုပ်လေးကို 1923 ခုနှစ်က တည်ထောင်ခဲ့တဲ့ "Hassenfeld Brothers" အရုပ်ကုမ္ပဏီရဲ့ ပိုင်ရှင် ကိုယ်တိုင်က ပြုလုပ်ခဲ့တာပါနော်..။ အခုတော့ ဝါရှင်တန်ရဲ့ "Maryland" ပြတိုက်ထဲမှာ ပြသထားတာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ကတော့ US ဒေါ်လာ ၂သိန်းဖြစ်ပြီး သိန်း ၃ထောင် နီးပါးရှိတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။