မြန်မာပြည်ရဲ့ နာမည်ကြီး ထိပ်တန်း အမျိုးသမီးအဆိုတော် တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်းသိန်းကတော့ သူမရဲ့ ရှိုးပွဲနဲ့ ပတ်သတ်ပြီး ပရိသတ်ကြီးဆီကနေ အခုလိုပဲ အကြံဉာဏ်တောင်းလိုက်ပါတယ်။

သို့'

ချစ်ရပါသော မိသားစုများ,,

ဝိုင်းစု တယောက်တည်း မစဉ်းစားတတ်တော့လို့

စဉ်းစားကူပေးနော် ?

Mini အခွေ 'မယ်သီတာ' audio cd နဲ့ 'ဂါ' DVD အခွေတွေ ထွက်ပီးရင် တကိုယ်တော်ရိူးပွဲ

ထပ်လုပ်ချင်ပါတယ် ?

ဝိုင်းစုက အောက်တိုဘာလ ထဲမှာ လုပ်ဖို့ တွေးထားတာ

အမှန်ကတော့ ပထမ ရိူးပွဲတည်းက မွေးနေ့ ဖြစ်တဲ့

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လုပ်ချင်ခဲ့တာပါ'

ဒါပေမဲ့ ဝိုင်းစု မွေးနေ့ရက်မှာ လုပ်ရင် ခရစ်စ္စမတ် အကြိုည

ဖြစ်တော့ အဲဒီရက် အဲဒီရာသီမျိုးမှာ ပွဲ များတတ်တာနဲ့

စိုးရိမ်ပြီး ပထမပွဲတုန်းက မွေးနေ့ရက်မှာ

မလုပ်ဖြစ်ခဲ့ဘူး

အခု ရန်ကုန်မှာ ဒုတိယအကြိမ်မြောက်လုပ်မဲ့ ပွဲမှာတော့

မွေးနေ့ရက်မှာ လုပ်ချင်မိတာ အမှန်ပါရှင့် ?

ကိုယ့်ကို ချစ်ကြပြီး ကိုယ်ကချစ်ရတဲ့သူတွေနဲ့

မွေးနေ့လို ရက်မျိုးမှာ အမှတ်တရ ဆုံချငိမိတယ်'

သီချင်းတွေ ဆိုပြချင်တယ်

ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ပါတယ်'

တကယ်လို့ ဝိုင်းစုက ဒီနှစ် မွေးနေ့မှာ

တကိုယ်တော် ရိူးလုပ်မယ်ဆိုရင်

ဝိုင်းစုဆီကို အရောက်လာကြမှာလား??

ဒါမှ မဟုတ် ပွဲများလို့ တခြားပွဲကို ဦးစားပေးပြီး

ဝိုင်းစုကို ပစ်ထားကြမှာလား ?

ဝိုင်းစု မွေးနေ့မှာပဲ တကိုယ်တော်ပွဲလုပ်ရမှာလား?

အားလုံး အဆင်ပြေ ကြမဲ့ ရာသီမျိုးကို

စဉ်းစားပြီး လုပ်ရမလားဆိုတာ

ချစ်ရင် အကြံပေးခဲ့ပါနော် ?

အားလုံးလဲမြင်စေချင်လို့ share လို့ရရင် share ပေးပါ့လားလို့ ?

ကဲ ပရိသတ်ကြီးရေ ချစ်ရတဲ့ ဝိုင်းစုကို အကြံလေးတွေသွားပေးပေးကြပါနော်..........

Source: Wyne Su Khine Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။