MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) အဖြစ် ယနေ့ ညနေ သုံးနာရီခွဲက ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံ အသင်းတို့ ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့ပါတယ်။ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ဦးဆောင်ဂိုးရမည့် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့ပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒုတိယပိုင်း ပြန်အစတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရှိရန် ရတနာပုံအသင်းဘက်သို့ ထိုးဖောက်ကစားခဲ့ သော်လည်း ရတနာပုံအသင်းမှ အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စိုးမိုးကျော်မှ သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် ရတနာပုံအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး အောင်သူမှ သွင်းယူပေးခဲ့ပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဧရာဝတီယူနိုက်တက်အသင်းဟာ လာမည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဟံသာဝတီယူနိုက်တက် အသင်းနှင့် ပုသိမ်ကျောက်တိုင်ကွင်းတွင် ဆက်လက်ကစားရမည်ဖြစ်ပြီး ရတနာပုံ အသင်းသည် ဆောက်သမ်းမြန်မာအသင်း နှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်ပါတယ်။

source :  Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။