ဖေဖော်ဝါရီလ ၂၆ရက်မှ ၂၉ရက်နေ့အထိ ဂျပန်နိုင်ငံ ခါဂိုရှီးမားမြို့တွင် ကျင်းပမည့် JENESYS (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ယူ-၁၉ အမျိုးသားအသင်းသည် ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

မြန်မာယူ-၁၉ အမျိုးသားအသင်းတွင် ဂိုး- ဟိန်းထက်စိုး၊ ပြည့်ဖြိုးသူ၊ နောက်တန်း- စည်သူမိုးခန့်၊သက်ဟိန်းစိုး၊မင်းခန့်မောင်၊မျိုးကိုကိုလင်း၊ကောင်းခန့်ကျော်၊စောထောနေမူး၊ အလယ်တန်း- ကောင်းဇင်မိုး၊လွင်ဇော်မောင်၊ရန်နိုင်လင်း၊ဥက္ကာနိုင်၊သူရအောင်၊မိုးဆွေ၊မျိုးသူရထွန်း၊ အရှေ့တန်း- ပြည့်ဖြိုးခိုင်၊ ညီညီ၊ စောကျော်အဲတို့ဖြစ်ကြပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်။JENESYS 2019 (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို အသင်းပေါင်း၈သင်းက အုပ်စု(၂)ခုခွဲပြီး ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

မြန်မာယူ-၁၉ အမျိုးသားအသင်းသည် အုပ်စု(ခ)တွင် က‌မ္ဘောဒီးယား၊တီမော၊ဂျပန်ကလပ် Kagoshima United FC U-18 အသင်းတို့ဖြင့် ကျရောက်နေပြီးဖေဖော်ဝါရီလ၂၆ရက်နေ့တွင် Kagoshima United FC U-18အသင်း၊ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် တီမောအသင်း၊ဖေဖော်ဝါရီလ၂၈ရက်နေ့တွင် ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။‌ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင် JENESYS 2019 (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲ၏ အဆင့်သတ်မှတ်သည့် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

Source & Photo Credit - Myanmar Football Federation Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။