အသက်အရွယ်ငယ်ပေမယ့် တည်ကြည်ရင့်ကျက်ပြီး စိတ်ထားဖြူစင်လွန်းတဲ့ သူလေးကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဆောင်နေပြီး အခုလက်ရှိ ရုံတင်ပြသနေတဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit; Soe Pyae Thazin's FB account

စိုးပြည့်လေးက မိဘအပေါ်သိတက်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်တာကြောင့် လူအများရဲ့ ချစ်ခြင်းကိုလည်း အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်ကျော့ရှင်းကာ အေးချမ်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသလို ကလေးလေးတ်ယောက်လို ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့လည်း အမြဲဖမ်းစားတတ်သူလေးပါ။ အခုလက်ရှိမှာလည်း သူမက စာအုပ်လေးကိုကိုင်ကာ ရိုးရှင်းလှပတဲ့ ခရမ်းနုရောင်အကျီၤလေးကို ဝတ်ဆင်ပြီး ဓါတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo Credit; Soe Pyae Thazin's FB account
Photo Credit; Soe Pyae Thazin's FB account

ဒါ့အပြင် စိုးပြည့်က သူမရဲ့ ပရိသတ်တွေ အချစ်ပိုအောင် "ချစ်သေးရဲ့လား"ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် အချစ်ပိုမိစေမှာအမှန်ပါပဲနော်။ ကဲ ချစ်ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို Myanmar Loadမှ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ စိုးပြည့်လေးရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit; Soe Pyae Thazin's FB account

Source & Photo Credit; Soe Pyae Thazin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။