ပရိသတ်ကြီးရေ ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ကိုကျင်းပလာတာဟာယခုဆိုရင် ပွဲစဉ် (၇) ပြီးခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်(၇) အပြီးမှာတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရမှတ် ၂၁ မှတ်ဖြင့် ဟံသာဝတီယူနိုက်တက်အသင်းက ရပ်တည်နေတာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ရမှတ် ၁၇ မှတ်ဖြင့် ဧရာဝတီယူနိုက်တက်အသင်း နှင့် ရမှတ်တူနေသော်လည်း ဂိုးကွားခြားချက်ဖြစ် အဆင့် ၂နေရာမှာရပ်တည်နေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Myanmar National League Facebook Page

လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပြီး ဇွဲကပင်ယူနိုက်တက်အသင်းကတော့ ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇားရဲ့ အောက်ဆုံးမှာရောက်ရှိနေခဲ့ပါတယ်။ ပွဲစဉ် (၇) အပြီး အသင်းတိုင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပြီးရလဒ်တွေကိုတင်ပြရမယ်ဆိုရင် ISPE အသင်း (၂-၁) မကွေးအသင်း ၊ ဆောက်သမ်းမြန်မာအသင်း (၈-၃) ချင်းယူနိုက်တက်အသင်း တို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook Page

ယင်းနောက် အခြားအသင်းတွေရဲ့ ပွဲရလဒ်တွေကတော့ ရန်ကုန်ယူနိုက်တက်အသင်း ( ၂-၂) ရှမ်းယူနိုက်တက်အသင်း ၊ ဇွဲကပင်ယူနိုက်တက်အသင်း (၁-၁) ရခိုင်ယူနိုက်တက်အသင်း ၊ ဧရာဝတီယူနိုက်တက်အသင်း (၁-၁) ရတနာပုံအသင်း ၊ ဟံသာဝတီယူနိုက်တက်အသင်း (၁-ဝ) စစ်ကိုင်းယူနိုက်တက်အသင်း တို့အသီးသီး ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) အပြီး အမှတ်ပေးဇယား ရပ်တည်မှုနှင့် ပွဲပြီးရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။