အခုတလော လူမှုကွန်ယက်မှာ "သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ" ဆိုတဲ့စာသားကို Yair Yint Aung ဆိုတဲ့ နာမည်နဲ့ တင်ထားပြီး ဒါကို Screenshot ရိုက်ကာ ယုန်ထင်ကြောင်ထင် ဖြန့်နေကြတာ ပရိသတ်ကြီး အသိဟုတ်မှာပါ။ တကယ်တော့ ဒါက ရဲရင့်အောင်ရဲ့ အကောင်အစစ်လုံးဝမဟုတ်ပါဘူး။ အခုတခါမှာလည်း သူမနေ့ညက တင်ထားတဲ့ status နဲ့ ပတ်သတ်ပြီး ဂယက်ထနေပြန်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး အစကပြန်မပြောတဲ့ ရဲရင့်အောင်က ယခုတော့ ပြန်ဖြေရှင်းလိုက်ပါပြီ။

"ဒါ အဲဒီညက သီချင်းတွေ ရေးနေတုန်း ကျနော် တင်လိုက်တဲ့ Statusပါ။ (အခုထိလည်း အဲ့ဒီ Status ရှိနေတုန်းပါ No Editပါ။) တချို့တွေ အားပါတရ ဝိုင်း Share နေတဲ့ SS အယောင်ဆောင်ထားတဲ့ ပုံမှာ ရေးထားတဲ့စာတွေက ကျနော် အရေးအသားမဟုတ်ဖူးဆိုတာ ကျနော့် YamilY တွေကိုတော့ ရှင်းပြစရာလိုမယ်မထင်ပါဘူး။ကျနော် ပြသနာတွေ ခပ်ဝေးဝေးမှာနေနေခဲ့တာကြာပါပြီ။ကျနော့်ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် ကျနော့် YamilYတွေကို စိတ်မကောင်းဖြစ်စေ စိတ်ရှုပ်စေခဲ့တဲ့ အခြေအနေတွေရှိခဲ့တဲ့အတွက် အခုဆို ကျနော့် ကိုယ်ရေးကိုယ်တာအပါအဝင် ကျနော် Album အတွက် ဘာတွေလုပ်နေတယ်ဆိုတာတောင် ကျနော် ဘယ်သွားနေပါတယ် ဘယ်နေ့မှာ ဘာအစီစဉ်ရှိတယ် ကျနော်ကတော့နေမကောင်းပါဘူး ဆိုတာတွေကိုတောင် Public မှာမတင်ပါဘူး။ဘယ်တော့မှ ကျနော်ကြောင့် စိတ်ထပ်မရှုပ်စေချင်တော့လို ့ပါ။

အထူးသဖြင့် ပြသနာဖြစ်စေမယ့် စကားလုံးတွေ

တစ်စုံတစ်ယောက် အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေမယ့် စကားလုံးတွေနဲ့ ကျနော်ဝေးအောင်နေနေတာပါ။အခုလည်း ကျနော့်ကို ့လက်ညှိုးထိုးချင်စိတ်များပြီး မိမိတို ့ရဲ့ ဆင်ခြင်တုံးတရားကို အမှောင်ချပြစ်လိုက်တာမျိုးလည်းမဖြစ်စေချင်လို ့ပါ။

(* စာလုံးပေါင်းတွေရယ် ……………

စကားလုံးတွေ အများကြီးသုံးမိသွားတာရယ်……

ကျနော် ph keyboard မှာ ပုဒ်ကလေးကို ရှာမရလို ့ ပုဒ်ကလေးထည့်မရိုက်ထားမိတာရယ် နားလည်ပေးပါ။)

Don't talk,be the best.

ကောင်းသောနေ့" ဆိုပြီး သူ့ရဲ့ အကောင့်ကနေ ရေးသားထားတာတွေ့ရပါတယ်။

ထို့ပြင် ရဲရင့်အောင်ကတော့ သူများကို ပြောချင်ဇောနဲ့ ကိုယ်ကျပ်မပြည့်တာ public ကိုချမပြပါနဲ့ဆိုပြီး တင်ထားပါသေးတယ်။ လက်တလောမှာတော့ ရဲရင်အောင်တစ်ယောက် သူ့ရဲ့အခွေအသစ်အတွက် လုံးပန်းရင်း အလုပ်တွေရှုပ်နေပါတယ်တဲ့ ပရိသတ်ကြီးရေ..........

Source: Yair Yint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။