ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ New York မြို့မှာရှိတဲ့ မော်တော်ဆိုင်ကယ် သင်္ချိုင်း အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါသတင်းမဖော်ပြသေးခင်မှာ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ ပြောကြားချင်ပါတယ်နော်။

photo credit pngtree

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊အာရီ တူးမြောင်းဘေးတွင် အိုမင်းနေတဲ့ မော်တော်ဆိုင်ကယ်သိုလှောင်ရုံ တစ်ခုရှိပါတယ်။ ထိုသိုလှောင်ရုံကို တစ်ချိန်က ခိုးလ်လို့ အမည်ရတဲ့ မော်တော်ဆိုင်ကယ် ရောင်းသမားတစ်ဦး ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုးလ်ဟာ သူ့ဘဝတစ်လျောက်လုံး မော်တော်ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့ပြီး ဈေးသက်သာသော ဂျပန်ဆိုင်ကယ်များနှင့် ခေတ်ကုန်သွားပြီဖြစ်သော ဆိုင်ကယ်များကို ဝယ်ယူကာ အံ့သြဖွယ်ကောင်းလောက်အောင် အရေအတွက်အမြောက်အများ စုဆောင်းခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ်မှာတော့ သူဝယ်ယူထားသော ဆိုင်ကယ်များကို သိမ်းဆည်းရန် သိုလှောင်ရုံတစ်ခုကိုလည်း ဝယ်ယူခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ဖရန့်ခ်ဆိုသူအား ပြန်လည်ရောင်းချခဲ့ပါတယ်။ ခိုးလ်ဟာ အသက် (၈၀)အရွယ် ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။

photo credit pngtree

ဖရန့်ခ်ဟာ ဝယ်ယူထားသော ကုန်လှောင်ရုံအား မော်တော်ဆိုင်ကယ် အပိုပစ္စည်းရောင်းချတဲ့ ကုမ္ပဏီတစ်ခု စတင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကုန်လှောင်ရုံက များစွာပျက်စီးနေပြီး ပြင်ဆင်မှုများ မပြုလုပ်ခဲ့တာကြောင့် ဒေသ အာဏာပိုင်များဟာ သိုလှောင်ရုံအတွင်းရှိ ဆိုင်ကယ်များအား ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာတော့ ဆိုင်ကယ်များအားလုံးကို သိုလှောင်ရုံမှ ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ ဆိုင်ကယ်ပိုးများကတော့ ရှားပါး ဆိုင်ကယ်များနှင့် အပို ပစ္စည်းများကို ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။