ပရိသတ်ကြီးရေ စကားလုံလေးတွေကို သင်ပေးစရာမလိုအောင် တီတီတာတာလေးပြောတက်ပြီး ချစ်မွှေးပါတဲ့ ကလေးလေးဖြစ်လို့ ပရိသတ်တွေက အရမ်းချစ်နေရတဲ့ သူလေးကတော့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးပဲဖြစ်ပါတယ်။ ထိပ်ထားလေးက ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတာကြောင့် အနုပညာအလုပ်တွေကိုလည်း လက်ခံရိုက်ကူးပေးနေရသူလေးပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်ကာ ကြော်ငြာတွေကိုလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

အသက်ငယ်ငယ်လေးနဲ့ ပြည်သူ့မေတ္တာကိုခံယူရင်း အနုပညာကိုဝါသနာပါလွန်းတာကြောင့် ထိပ်ထားလေးရဲ့ဖေဖေနဲ့မေမေကလည်း ချစ်သမီးလေးရဲ့ဆန္ဒကိုပံ့ပိုးကူညီပေးပါတယ်နော်။ ထိပ်ထားလေးရဲ့ စကားလုံးဆန်းဆန်းလေးတွေနဲ့ပြောလိုက်တဲ့ စကားတိုင်းကို ပရိသတ်တွေကအရမ်းသဘောကျပြီး ဉာဏ်ကောင်းထက်မြက်လွန်းတာကြောင့် ပရိသတ်တွေကအသိအမှတ်ပြုကာအားပေးနေကြတာဖြစ်ပါတယ်။ ထိပ်ထားလေးက အနုပညာဘက်မှာ တော်ရုံသာမကပဲ ပညာရေးဘက်မှာလည်းတော်တဲ့ ကလေးဖြစ်လို့ သူမရဲ့ မိဘတွေကို ချီးကျုးမဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

အခုလက်ရှိမှာလည်း ထိပ်ထားလေးက "ဒီနေ့ Pingu's English Graduation Ceremony လေးမှာ အမှတ်တရ "ဆိုတဲ့ စာသားလေးနဲ့အတူ သူမတက်ရောက်နေတဲ့ ကျောင်းရဲ့ ကျောင်းဆင်းပွဲ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားတာပဲဖြစ်ပါတယ်။ ထိပ်ထားလေးက သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေ အချစ်ပိုမိစေမှာ အမှန်ပါပဲနော်။ ကလေးသရုပ်ဆောင်လေးဖြစ်တဲ့ ထိပ်ထားသခင်လေးရဲ့ ပုံရိပ်တွေကိုကြည့်ရင်း အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

Source & Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။