MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇) အဖြစ် ဖေဖော်ဝါရီလ၂၃ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်မှာ ဟံသာဝတီယူနိုက်တက်အသင်း နှင့် စစ်ကိုင်းယူနိုက်တက်အသင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း ဟံသာဝတီယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရယူခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။ ပွဲချိန်တစ်လျှောက် နှစ်သင်းလုံးက ဂိုးရရှိရေးအတွက် အပြန်အလှန်တိုက်စစ်ဆင်ကစားပြီး ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။
ပွဲစဉ်(၇) ပြီးဆုံးချိန်အထိတော့ ဟံသာဝတီယူနိုက်တက်အသင်းက ရာနှုန်းပြည့် နိုင်ပွဲဆက်နေပြီး ဘယ်အသင်းကမှ ရပ်တန့်လို့ မရသေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ပွဲက တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ပွဲရဲ့ အလှည့်အပြောင်းက မိနစ် ၉၀ အချိန်မှာမှ ဖြစ်ပေါ်ခဲ့တာပါ။နှစ်သင်းစလုံးရဲ့ အပြန်အလှန်တိုက်စစ်ဆင်မှုတွေကြောင့် ဂိုးဘားတန်းထိထွက်တာတွေ၊ တိုင်ထိထွက်ခဲ့တာတွေက ရသမြောက် ပွဲတစ်ပွဲကို ပေါ်လွင်စေခဲ့တာ ဖြစ်ပါတယ်။
ဟံသာဝတီအသင်းအတွက် ရာနှုန်းပြည့် နိုင်ပွဲဆက်စေမယ့် ဂိုးကို ပွဲချိန် မိနစ် ၉၀ မှ လူစားဝင် ကစားသမား အောင်မျိုးသူရက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ပြန်ခဲ့ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတောံ မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဟံသာဝတီယူနိုက်တက်အသင်း နှင့် စစ်ကကိုင်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲပြီးရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit - Myanmar National League Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။