၂၀၂၀ ခုနှစ် AFC Cup ပြိုင်ပွဲ အုပ်စု (H) ပြိုင်ပွဲတစ်ပွဲအဖြစ် အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ် မာကာဆာနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် ယနေ့ (၂၄.၂.၂၀၂၀) တနင်္လာနေ့ နံနက် (၁ဝး၂၅) အချိန်တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ထွက်ခွာမည်ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကလည်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ပွဲစဉ်မှာအကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေမယ့်(၃-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit - Shan United FC Facebook Page

ယခုပွဲစဉ်အတွက် နည်းပြ/အုပ်ချုပ်အဖွဲ့ဝင် (၈) ဦးနှင့် ကစားသမား (၁၈) ဦးတို့ပါဝင်သည့် ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် ဂျကာတာမြို့သို့ ဒေသစံတော်ချိန် ညနေ (၄း၅၅) အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး ဂျကာတာမြို့ရှိ စင်ကျူရီပါ့ခ် ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပါတယ်။အင်ဒိုနီးရှားခရီးစဉ်တွင် ပါဝင်သည့် ကစားသမားများမှာ သီဟစည်သူ (ဂိုး) ၊ မျိုးမင်းလတ် (ဂိုး) ၊ ငြိမ်းချမ်း (နောက်တန်း) ၊ ရဲမင်းသူ (နောက်တန်း) ၊ ဒေးဗစ်ထန်း (နောက်တန်း) ၊ ဟိန်းသီဟဇော် (နောက်တန်း) ၊ နန္ဒကျော် (အလယ်တန်း) ၊ မက်ဆီမင် (အလယ်တန်း) ၊ ဒယ်နီရယ် (နောက်တန်း)၊ ပြည့်စုံအောင် (အလယ်တန်း) ၊ စအောင်ပြည့်ကို (ရှေ့တန်း) ၊ ဟိန်းဖြိုးဝင်း (နောက်တန်း) ၊ ရဲရင့်ထွန်း (အလယ်တန်း) ၊ တလွန်ဟုပ်ထန်း (နောက်တန်း) ၊ ထက်ဖြိုးဝေ (ရှေ့တန်း) ၊ ရန်နိုင်ဦး (အလယ်တန်း) ၊ အဘူဘာကာ (အလယ်တန်း) ၊ ရွှေကို (ရှေ့တန်း)တို့ဖြစ်ပါသည်။

Photo Credit - Shan United FC Facebook Page

အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် (၂၆.၂.၂၀၂၀) ဗုဒ္ဓဟူးနေ့ အင်ဒိုနီးရှားစံတော်ချိန် (မွန်းလွဲ ၃း၃၀)၊ မြန်မာစံတော်ချိန် ညနေ (၅းဝဝ) နာရီအချိန်တွင် ဂျာကာတာမြို့ရှိ မက်ဒ်ရာ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။ ကဲ... ချစ်ပရိသတ်ကြီးရေ အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ် မာကာဆာနှင့် ယှဉ်ပြိုင်ကစားရန်အတွက် ရန်ကုန်လေဆိပ်ကနေ ရှမ်းယူနိုက်တက်အသင်း ထွက်ခွာသွားပြီးဖြစ်ကြောင့် တင်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Shan United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။