ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ "Ancient City Bosra" ဘိုစရာ ရှေးဟောင်းမြို့တော် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရှေးခေတ်က တည်ရှိခဲ့တဲ့ ပြဇတ်ရုံ၊ ကဇတ်ရုံများအနက် ဂရိနှင့် ရောမရှိ အနုပညာလက်ရာများကို အကောင်းဆုံးထိန်းသိမ်းထားသော ဇာတ်ရုံများဟာ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပြီး ယနေ့ထိတိုင် ခရီးသွားများ သွားရောက်လည်ပတ်ကြည့်ရှုကြတဲ့ ရှေးဟောင်းနယ်မြေများ ဖြစ်လာခဲ့ပြီး အဲ့ထဲမှာ ဘိုစရာ ကဇာတ်ရုံဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

photo credit pngtree

ဘိုစရာဟာ ယခုခေတ် ဆီရီးယားနိုင်ငံ ဒမတ်စ်စကတ်စ် မြို့တော် တောင်ပိုင်းတွင် တည်ရှိပြီး အီဂျစ် အရုပ်စာများအရ ဘီစီ ၁၄ ရာစုနှစ်တွင် တည်ထောင်ခဲ့တယ်လို့ ယူဆကြပါတယ်။ ရှေးအကျဆုံးသော မြို့တော် တစ်ခုဖြစ်တဲ့ ဘိုစရာကို အေဒီ ၁၀၆ ခုနှစ်တွင် ရောမတို့က တိုက်ခိုက် အနိုင်ယူခဲ့ပြီး ရောမ အာရေဗျ မြို့တော်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ရောမတို့ တိုက်ခိုက်အပြီး သိပ်မကြာခင် အတွင်းမှာပဲ ပရိသတ် အယောက် တစ်သောင်းခွဲဆန့်တဲ့ ဘိုစရာ ကဇာတ်ရုံကြီးကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် အိုင်ယူဘစ် (Ayyubid ) မင်းဆက်အတွင်း ကဇာတ်ရုံရဲ့ ပတ်ပတ်လည်တွင် မြို့ရိုးတစ်ခုကို တည်ဆောက်ခဲ့သည်။ ယခုအခါတွင် ဘိုစရာဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ခဲ့သော ရှေးဟောင်း ရောမ ကဇာတ်ရုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ဘိုစရာ ကဇာတ်ရုံတွင် ထူးခြားသောအသံစနစ် ၊ သုံးထပ်ရှိသော ပြည်ဖုံးကားစင်မြင့် နှင့် ထိုင်ခုံတန်း ၃၅ တန်းကို မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။