ပရိသတ်ကြီးရေ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုများစွာနဲ့ ရပ်တည်နေပြီး အရွယ်တင်နုပျိုပြီး လှချင်တိုင်းလှနေသူလေးကတော့ မင်းသမီးချောလေး နန်းစုရတီစိုးပဲဖြစ်ပါတယ်။ နန်းစုက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး တစ်ကိုယ်တော်သီချင်းအခွေများကိုလည်း ထွက်ရှိထားသူပဲဖြစ်ပါတယ်။ သူမက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေပြီး photo shootingများလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB

အသားအရည်လေးက ဖြူဖွေးဝင်းပပြီး စိုပြေနေကာ မျက်နှာလေးကလည်း ပြစ်မျိုးမဲ့မထင်လှပနေတာကြောင့် သူမကို ကိုရီးယားမင်းသမီးလေးအလား အထင်မှားမိစေမှာ အမှန်ပါပဲ။ ဒါ့အပြင် စကားလုံးဆန်းဆန်းလေးတွေနဲ့လည်း စကားပြောကောင်းသူဖြစ်တာကြောင့် ပုရိသယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ နန်းစုဟာ မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ "ပင်လယ်ကြီးကို စကားတွေအများကြီးပြောခဲ့တယ် မြန်မာပြည်ကြီးထဲမှာ" ဆိုတဲ့ captionလေးနဲ့ကမ်းခြေကအလှပုံရိပ်လေးတွေကိုတင်ပေးလာတာပဲဖြစ်ပါတယ်။ 

Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB

နန်းစုဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေ ခဏနားထားပြီး ကမ်းခြေကို အပန်းဖြေခရီးထွက်နေတာပဲဖြစ်ပါတယ်။ သူမက သီချင်းအသစ်တွေကိုလည်း ထွက်ဖို့ရှိနေပြီး အနုပညာအလုပ်တွေကိုလည်း အများကြီး ဆက်လုပ်သွားမှာဖြစ်လို့ သူမကို အားပေးကြမယ်မလား။ ချစ်ပရိသတ်ကြီးအတွက် နန်းစုရဲ့ ကမ်းခြေက ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ 

Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB
Photo Credit - Nansu Yati Soe's FB

Source & Photo Credit - Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။