ပရိသတ်ကြီးတော်တော်များများ Horror Movie တွေကိုကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။ Horror နဲ့ပတ်သတ်တဲ့ စိတ္တဇလူသတ်သမားတို့ သရဲတွေ နတ်ဆိုးတွေစတဲ့ အမျိုးအစားတွေ အကြမ်းစားခြောက်လန့်မှုတွေကို လူတော်တော်များများ ကကြိုက်နှစ်သက်ကြမှာပါ။ ကြောက်ပေမယ့်လဲ ကြည့်ရတဲ့အရသာက တခြားအမျိုးအစားတွေထက် ပိုမိုထူးခြားတဲ့ Feel ကိုခံစားရတာမို့ ကြည့်နေကြစမြဲပါ။ သင့်အနေနဲ့ အဲ့လိုထိတ်လန့်ခြောက်ခြားဖွယ်ရာတွေကို ပြန် Troll ရမယ်ဆိုရင် ကျေနပ်နိုင်မလား။ 

ခုဖော်ပြသွားမယ့်ဂိမ်းဟာဆိုရင်တော့ ထိတ့်လန့်ခြောက်ခြားဖွယ်ရာ အခိုက်အတန့်တွေကို ပြန်လည်စနောက်ရမှာပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်နေတုန်း ကိုယ့်ကိုခြောက်လန့်ခဲ့တဲ့ အရာတွေကို ကိုကပြန်လည် Troll ရမယ်ဆိုတော့ စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။ သရဲ တစ္ဆေတွေကို ပြန်လည် Troll ရတဲ့ အရသာက ဘယ်လိုကောင်လို့ကောင်းမှန်းကို မသိလောက်အောင်ပဲ ပျော်နေရပါမယ်။ သို့သော် လွယ်လွယ်နဲ့တော့ ပြန်အနိုင်ကျင့်လို့မရပါဘူး။ 

Quest တွေကို မှန်အောင်လုပ်နိုင်မှသာ ပြန်လည် Troll ခွင့်ရမှာပါ။ Quest တွေကလဲ လွယ်တော့မလွယ်ပါဘူး။ ကိုယ်သာ Quest တွေကိုမဖြေနိုင်လို့ကတော့ တစ်ဖက်က ကိုယ့်ကို ပြန်လည် Troll သွားပါလိမ့်မယ်။ ဒီဂိမ်းလေးထဲမှာဆိုရင် များစွာသော လူကြိုက်များတဲ့ Horror Films , TV Shows နဲ့ Video Games ထဲကဟာတွေတော်တော်များများပါပါတယ်။ ဂိမ်းနာမည်ကတော့ Troll Face Quest: Horror ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။