ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးဆန်းအံ့သြဖွယ်ကောင်းပြီး ခြောက်ခြားစရာလည်းကောင်းတဲ့ "Super natural" သဘာဝလွန် ဆန်ဆန် အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ အဲ့ဒီအကြောင်းအရာကတော့ ပြင်သစ်လို "Doppelganger"လို့ အမည်ရတဲ့ ကိုယ်ပွားဝိညာဉ်ကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ သတင်းကဏ္ဍစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

၃၂ နှစ်အရွယ်ရှိတဲ့ ပြင်သစ် ဆရာမ "Emilie Sagee"ဟာ စာအသင်အပြ အလွန်ကောင်းတာကြောင့် ကျောင်းတွေကနေ ဈေးကြီးပေးပြီး သူမကို ငှားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဆရာမဟာ ကျောင်းတစ်ကျောင်းတည်းမှာ ဘယ်တော့မှ မတည်မြဲဘဲ အလုပ်ပြုတ်လွန်းတာကြောင့် ၁၈ နေရာအထိ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ ၁၈၄၅ ခုနှစ်မှာ စာသင်ခန်း တစ်ခုတွင် စာသင်ကြားနေစဉ် အတောအတွင်း သူမနဲ့ တူတဲ့ ကိုယ်ပွားပုံစံက တစ်ထေရာတည်း လှုပ်ရှားနေတာကို ကျောင်းသူ၊ကျောင်းသား ၁၃ယောက်က မျက်မြင်သက်သေ အနေနဲ့ ဝါးဝါးတားတား မြင်တွေ့ခဲ့ရတာပါ။

photo credit pngtree

အဲ့ဒီနောက်ပိုင်းမှာ အဲ့ထက် ထူးခြားတာကတော့ "Emilie Sagee"အစစ်က စာသင်ခန်းမှာ စာသင်နေပြီး သူမရဲ့ ကိုယ်ပွားပုံသဏ္ဍာန်ကတော့ ကျောင်း ဥယျာဉ်ခြံထဲတွင် အလုပ်လုပ်နေတာကို မြင်တွေ့ခဲ့ကြတာပါ။ အဲ့လိုနဲ့ တစ်စတစ်စတွေ့ရှိလာပြီး မျက်မြင်သက်သေ ကျောင်းသား ၅၀ လောက် အထိဖြစ်လာကာ ကျောင်းသားမိဘများက စိုးရိမ်လာတာကြောင့် သူမစာသင်တဲ့ ကျောင်းကနေ ထွက်ခိုင်းတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ ဆရာမ "Emilie Sagee"ဟာလည်း စာသင်တဲ့ အလုပ်ကို ရပ်တန့် လိုက်ရပါတယ်။ သို့သော် သူမ နောက်လိုက်ပါနေတဲ့ ဝိညာဉ်ကိုယ်ပွားကို တော့ သူမက မြင်ရတာမျိုးမရှိပါဘူး။ ပြင်သစ်မှာတော့ အဲ့အဖြစ်အပျက်ကို "Doppelganger" ကိုယ်ပွား ဝိညာဉ် အဖြစ်အပျက် လို့ ခေါ်ဆိုကြပါတယ်။ အဆိုပါ ထူးခြားဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ကယ်ပဲ သဘာဝလွန် အဖြစ်အပျက်တွေရှိခဲ့တာလား ဒါမှမဟုတ် ကလေးတွေပဲ မျက်စိမှောက်ပြီး ဆရာမ ကံဆိုးခဲ့တာလား.....အစရှိတဲ့ ထင်မြင်ချက်လေးတွေ ပေးသွားပါဦးနော်....။

Source Once A Glance Page

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။