MPT မြန်မာနေရှင်နယ်လိဂ် လူငယ်ယူ-၂၁ အသင်း ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၆) အဖြစ် ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၃နာရီ ၃၀ မိနစ် အချိန်တွင် စလင်းဘောလုံးကွင်းမှာ မောရဝတီအသင်း နှင့် ချင်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ ယင်း ပွဲစဉ်မှာတော့ ချင်းယူနိုက်တက်အသင်းက မောရဝတီအသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ယခုပွဲစဉ်မှာ ချင်းယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာ Mann Htike Pown က သွင်းယူပေးခဲ့ပြီး မောရဝတီအသင်းအတွက် ပြန်လည်ခြေပဂိုးကို ပွဲချိန် ၄၂ မိနစ်မှာThant Zaw Aung သွင်းယူပေးကာ ပထမပိုင်းမှာ (၁-၁) ဂိုးဖြင့် ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၀ မိနစ် မောရဝတီအသင်းအတွက် နောက်ထပ်ဂိုးကို Zaw Mg Mg Htut ကသွင်းယူပေးပြီး ချင်းယူနိုက်တက်အသင်း ရဲ့ အနိုင်ဂိုးများကို ပွဲချိန် ၇၈ မိနစ် မှာ Hlaing Min Kyaw ၊ ပွဲချိန် ၈၂ မိနစ် မှာ Mann Htike Pownတို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ပွဲချိန်ပြီးဆုံးချိန်မှာတော့ ချင်းယူနိုက်တက်အသင်းက မောရဝတီအသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အနိုင်ရမှတ်တွေလိုနေတဲ့ ဒီနှစ်သင်းရဲ့ အားပြိုင်ဆိုင်မှုကလည်း ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားကြကိုလည်း ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်နော်။ ကဲ… ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ယူ-၂၁ ပွဲစဉ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြတဲ့ ချင်းယူနိုက်တက်အသင်း နှင့် မောရဝတီအသင်း တို့ ရဲ့ ပွဲပြီးရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။