နွေးထွေးမှုတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကတွင် အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း အနုပညာအလုပ်တွေလုပ်ကိုင်လျက်ရှိပြီး သူမရဲ့ အားလပ်ချိန်များကိုလည်း မိသားစုနဲ့အချိန်ကုန်ဆုံးလေ့ရှိသူပါ။ သူမဟာ အလှူအတန်းရက်ရောပြီး စိတ်ထားစေတနာပြည့်ဝတာကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။

Photo Credit - စမိုင်းလ် Smile's FB account
Photo Credit - စမိုင်းလ် Smile's FB account

စမိုင်းလ်ဟာ အနုပညာအလုပ်တွေကိုလည်း အရင်ကလိုပြန်လည်လုပ်ကိုင်နေပြီး သူမရဲ့ သမီးကြီးဖြစ်တဲ့ Portiaကိုလည်း အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင် ကူညီပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။ သူမတို့ မိသားစုလေးဟာ စည်းလုံးပြီး အမြဲပျော်ရွှင်စရာဖန်တီးနေတာမို့ ပရိသတ်တွေ အားကျမိမှာ အမှန်ပါပဲနော်။ အခုလက်ရှိမှာလည်း စမိုင်းလ်တို့ မိသားစုလေးက ငပလီကို အပန်းဖြေဖို့အတွက်ရောက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit - စမိုင်းလ် Smile's FB account

သူမတို့ ငပလီရောက်ရှိနေတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေလည်း မျှဝေပေးထားပါသေးတယ်။ ချစ်ပရိသတ်ကြီးအတွက် စမိုင်းလ်တို့မိသားစုတွေ ငပလီရောက်ရှိနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ မင်းသမီးချောလေး စမိုင်းလ်နဲ့ သူမရဲ့ သူမရဲ့ သမီးလေးဖြစ်တဲ့ Portiaကိုလည်း ဆက်လက်အားပေးကြမယ်မလား။ ငပလီမှာ အပန်းဖြေဖို့ရောက်ရှိနေတဲ့ စမိုင်းလ်တို့ မိသားစုလေးကိုကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - စမိုင်းလ် Smile's FB account
Photo Credit - စမိုင်းလ် Smile's FB account

Source & Photo Credit - စမိုင်းလ် Smile's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။