ရုံးအလုပ်လုပ်နေရတဲ့ သူတွေပဲဖြစ်ဖြစ်၊ ကျောင်းစာသင်နေရတဲ့ သူတွေပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုကိုယ်စီ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့တို့ဘဝရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လျှောက်လှမ်းနေရတဲ့ လမ်းတွေဟာ ပန်းခင်းလမ်းထက် ဆူးခင်းလမ်းတွေက ပိုပြီးများနေနိုင်လို့ပါ။ ဒါကြောင့်ကိုယ့်ဘဝတက်လမ်းကို ထောက်ပံ့ပေးမယ့် အဲ့လို ခေါင်းရှုပ်စေတဲ့ အလုပ်ကိစ္စတွေ၊ ကျောင်းစာတွေကို အလွယ်တစ်ကူနဲ့ ဖြေရှင်းကျော်လွှားနိုင်ဖို့က စိတ်ဖိစီးမှုမရှိဘဲ ဦးနှောက် ကြည်လင်လန်းဆန်းနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မလို့ စိတ်ဖိစီးမှု လျော့နည်းစေတဲ့ နည်းလမ်းလေးတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

photo credit pngtree

စိတ်ဖိစီးမှု အလွန်များပြီး ခေါင်းရှုပ်ထွေးလာပြီဆိုရင်တော့ ပထမဦးဆုံးပြုလုပ်ရမှာက သင့်ခေါင်းထဲမှာ ရှိနေတဲ့အရာတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ရမှာပါ။ အဲ့လို ရေးလိုက်ခြင်းအားဖြင့် ဦးနှောက်ကို ရှုပ်ထွေးစေတဲ့အရာတွေကို ဖွင့်ချလိုက်သလိုဖြစ်သွားပြီး တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုက်သလိုမျိုး စိတ်ဖိစီးမှုတွေ အတော်အသင့် လျော့နည်းသွားစေမှာပါနော်။ သင်ဟာ စကားပြောဖော် နည်းပါးတယ်ဆိုရင် အဆိုပါနည်းလမ်းလေးက အထောက်အကူပြုမှာပါ။

photo credit pngtree

နောက်ထပ် နည်းလမ်းလေးတွေကတော့ အားလပ်ရပ်မှာ မိမိစိတ်ကြိုက် shopping ထွက်ပြီး ကိုယ်စားချင်တာလေးတွေ ချက်ပြုတ်စားတာမျိုး၊ တစ်ခါတစ်လေမှာ ပူပန်သောကမရှိစေဘဲ စိတ်ထဲရှိတဲ့အရာလေးတွေကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ပန်းချီဆေးချယ်တာပဲဖြစ်ဖြစ်၊ ပန်းအလှဆင်တာပဲဖြစ်ဖြစ်၊ သိုးမွှေးထိုးတာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါရာ အလုပ်လေးတွေကို လုပ်ရင်း အချိန်ကုန်ဆုံးစေတာကလည်း သင့်ကို ဖိအားပေးတဲ့ stress တွေကို လျော့ကျစေမှာပါ။ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းလေးကတော့ သင့်ရဲ့ လက်ဖဝါးကို ဖြန့်လိုက် ဆုပ်လိုက်ပြုလုပ်ပြီး ကြွက်သားတွေကို တင်းချည်လျော့ချည် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။