ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ကိုယ်ပိုင်အရည်အချင်း အမိုက်စားအသံပါဝါတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်အဖြစ် ရပ်တည်လာနိုင်တဲ့ အဆိုတော်နီနီခင်ဇော်ကလည်း အပါအဝင်ပါပဲ..။

သူမရဲ့တေးသသီချင်းကောင်းလေးတွေ တော်တော်များများဟာ ပရိသတ်တွေကိုအကြိုက်တွေ့ သဘောကျစေသလို ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေတဲ့ နီနီကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စားရလောက်အောင် မိန်းကလေးပရိသတ်တွေ တခဲနက်အားပေးကြတဲ့ အကယ်ဒမီမင်းသားချော နေတိုးနဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။


Photo Credit - Amazing Grace
Photo Credit - Amazing Grace

မြန်မာနိုင်ငံရဲ့ ပထမဆုံး Musical ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “အိပ်မက်ကာရန်” ဇာတ်ကားမှာ အဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ရိုက်ကူးတော့မှာဖြစ်ပြီး မင်းသားတွေအများကြီးရှိတဲ့အထဲကမှ နေတိုးကို ရွေးဖြစ်တဲ့ အကြောင်းလေးကိုလည်း နီနီက ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

နေတိုးက သူမ အပြည့်အဝယုံကြည်ထားတဲ့သူဖြစ်ပြီး Musical ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် သီချင်းတွေ အများကြီးဆိုရမှာဖြစ်သလို သရုပ်ဆောင်တာနဲ့မတူဘဲ ထကပ်ကြိုးစားရတာတွေရှိပြီး နေတိုးရဲ့အသံကာလာအများကြီးကို ကြားရမှာဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Ni Ni Khin Zaw's FB Page
Photo Credit - Ni Ni Khin Zaw's FB Page

“သူ့ရဲ့သီချင်းအပေါ်မှာရှိတဲ့ အရည်အချင်းအသစ်ပေါ့နော် အရမ်းစိတ်ဝင်စားစရာကောင်းတယ် အကိုက ဒီကားထဲမှာ သူတစ်ယောက်ထဲဆိုတာ ၇ပုဒ်လောက်ဆိုတယ် အုပ်စုလိုက်ဆိုရင်တော့ ၉ပုဒ်ဆိုတယ် သီချင်းတော်တော်များများဆိုထားပါတယ် အကိုကလေ ဘက်စုံထူးချွန်တဲ့အနုပညာရှင်ပါ ထူးခြားတဲ့အနုပညာရှင်ပါ ဒီ Musical ကားကိုလည်း အသစ်အဆန်းဖြစ်တဲ့အတွက် နီနီတို့ကို လက်ခံတယ် ပူးပေါင်းပြီးတော့ အကြံဉာဏ်တွေ ဖလှန်ကြတယ် ..” ဆိုပြီးတော့လည်း နီနီက ပြောပြထားတာပါ..။

နေတိုးအသံက အရမ်းကောင်းပြီး အပြည့်အဝလည်းယုံကြည်တဲ့အကြောင်းလေးတွေနဲ့ အိမ်မက်ကာရန် ဇာတ်ကားကြီးမှာလည်း မတူညီတဲ့ပုံစံနဲ့မြင်တွေ့ရအုံးမယ့်အကြောင်းလေးတွေ ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ni Ni Khin Zaw's FB Page
Photo Credit - Amazing Grace

Photo Credit - Amazing Grace & Ni Ni Khin Zaw's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။