မင်းသမီးချောလေး စိုးပြည်သဇင်ကတော့ ဟန်ဆောင်မှုကင်းပြီး ပရိသတ်တွေအားလုံးအပေါ်မှာ ရင်းနှီးဖော်ရွေစွာဆက်ဆံလေ့ရှိတာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ်။ စိုးပြည့်ကိုတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်ကြပြီး တစ်ခဲနက် ဝန်းရံအားပေးကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်အမူအရာလေးတွေနဲ့ အသံချိုချိုလေးက ပရိသတ်တွေရဲ့အသည်းနှလုံးကို အရည်ပျော်စေနိုင်တာ ဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin's FB account

စိုးပြည့်က လုံလုံခြုံခြုံဖက်ရှင်လေးတွေကို အမြဲတမ်းဝတ်ဆင်လေ့ရှိသလို အခုချိန်အထိလည်း ဆယ်ကျော်သက်လေးတစ်ယောက်လို လှပနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုးပြည့်လေးက "ရွှေမင်းသမီး"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး အခုလက်ရှိမှာလည်း ရုံတင်ပြသနေတာပဲဖြစ်ပါတယ်။ စိုးပြည့်က အနုပညာအလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်လျှက်ရှိနေတာဖြစ်ပြီး သူမရိုက်ကူးထားတဲ့ဇာတ်ကားတိုင်းကလည်း အောင်မြင်ခဲ့တာအမှန်ပါပဲ။

Photo Credit - Soe Pyae Thazin's FB account

မင်းသမီးချောလေး စိုးပြည့်ဟာ မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "ပုံတင်ရင်caption မစဉ်းစားတတ်ဘူး...သိပ်ခက်တာဘဲ."ဆိုတဲ့ စာသားလေးနဲ့အတူ ရိုးရှင်းလှပတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မင်းသမီးချောလေး စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ပုံလေးတွေကိုကြည့်ရင်းအသည်းလေးတွေ ပေးဖို့မမေ့လိုက်ပါနဲ့နော်.....။

Photo Credit - Soe Pyae Thazin's FB account
Photo Credit - Soe Pyae Thazin's FB account

Source & Photo Credit - Soe Pyae Thazin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။