ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ဗိသုကာလက်ရာ အမြောက်ဆုံးသော အဆောက်အအုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ "Infinity Tower" အကြောင်း ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အာရပ်စော်ဘွားများနေထိုင်ရာ ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဒူဘိုင်မြို့တွင်တည်ရှိတဲ့ အင်ဖန်နတီ မျှော်စင်ဟာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကြီးပဲ ဖြစ်ပါတယ်။ ထိုအဆောက်အအုံကြီးရဲ့ ဒီဇိုင်းပုံစံဟာ အင်မတန်မှ ထူးခြားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အဆောက်အအုံကြီးဟာ စပရိန်ပုံစံ လိမ်နေတာမလို့ပဲ ဖြစ်ပါတယ်။ အောက်ခြေမှ ထိပ်ဖျားအထိ ၃၀၅ မီတာ (ပေ ၁၀၀၀) အမြင့်သို့ ရောက်အောင် ၉၀ ဒီဂရီ လှည့်ပတ်ကာ တက်သွားတဲ့ပုံစံမျိုး ဖြစ်တာကြောင့်ထူးခြားလွန်းတဲ့ ဗိသုကာလက်ရာပဲ ဖြစ်ပါတယ်။

photo credit pngtree

ဒါ့အပြင် ထိုအဆောက်အုံကြီးဟာ အထပ် ပေါင်း ၈၀ ရှိပြီး လူနေအဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ထိုတာဝါကြီးဟာ သူ့ရဲ့ ဆန်းပြားလှသော အမြင့်ကို အသုံးပြုကာ အဆောက်အအုံရှေ့ရှိ လှုပ်ရှားနေသော မြစ်ပြင်ရှုခင်းများကို အထပ်တိုင်းမှ မြင်နိုင်စေရန် စီမံပုံဖော်ထားပါသေးတယ်။ ထူးခြားလွန်းသော အချက်မှာ အဆောက်အဦးအတွင်း ဘယ်နေရာကိုကြည့်ကြည့် တိုင်တစ်တိုင်မှ မရှိတာပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။