နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားလာခဲ့တဲ့ မင်းသားချောလေး ခါရာကတော့ MRTV-4 ရဲ့ တက်သစ်စမင်းသားတစ်ယောက်ဖြစ်တဲ့ အပြင် အချိန်တို အတွင်းမှာပဲ အောင်မြင်မှုတွေများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ စမတ်ကြပြီး ယောကျာ်းပီသတဲ့ ခန္ဓာကိုယ် အပြင် နိုင်ငံခြားမင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် တကယ့်ကို မိုက်တဲ့ မင်းသားတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်အများစုက အရမ်းကို သဘောကျအားပေးရတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်...။

Photo Credit - Khar Ra's FB
Photo Credit - Khar Ra's FB
Photo Credit - Khar Ra's FB

မြန်မာဇာတ်လမ်းတွဲတွေကနေ တဆင့် ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ အမိုက်စား အက်ရှင် သရုပ်ဆောင်မှုတွေကြောင့် အချိန်တို အတွင်းမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနိုင်ခဲ့ပြီး တကယ့်ကို အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ " နတ်"ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေနဲ့ ပွဲအခမ်းအနားတွေကို ဆက်တိုက်တက်ရောက်နေရသူလည်းဖြစ်ပါတယ်။

Photo Credit - Khar Ra's FB
Photo Credit - Khar Ra's FB

မင်းသားချောလေး ခါရာက မကြာသေးမီကမှ သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ "ရိုးရှင်းတဲ့ဘဝထဲမှာ ဆန်းပြားတဲ့အိပ်မက်တွေနဲ့အတူ ရှင်သန်နေဆဲ "ဆိုတဲ့ စာသားလေးနဲ့အတူ သူရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း သူရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။ မင်းသားချောလေး ခါရာရဲ့ ပုံလေးတွေကို ကြည့်ရင်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - Khar Ra's FB
Photo Credit - Khar Ra's FB
Photo Credit - Khar Ra's FB

Source & Photo Credit - Khar Ra's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။