မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အကြောင်းအရာလေးတွေကို ဝေမျှတတ်သူလေးကတော့ Beauty Blogger မလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger အဖြစ်မှ အနုပညာလမ်းကြောင်းကို ရောက်လာသူတစ်ယောက်ဖြစ်ပြီး အချိန်တိုအတွင်းမှာအောင်မြင်လာသူတစ်ယောက်ပါ။ သူမရဲ့ပုံစံလေးဟာလည်း အမြဲတမ်းသွက်လက်တက်ကြွနေတာလေးမို့ အကုန်လုံးကချစ်နေရတာပါ။  

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးလေးတစ်ယောက်အဖြစ် ရပ်တည်နေပါပြီ။ လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " အိမ်မက်တွေမိုးထားတဲ့ အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ပြသနေပြီပဲ ဖြစ်ပါတယ်။ ချီချီဟာ မြန်မာနိုင်ငံကပွဲအခမ်းအနားတွေသာမကပဲ ပြည်ပနိုင်ငံကပွဲတွေကိုပါ တက်ရောက်နေရတာပါ။ ချီချီဟာ ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူတစ်ယောက်ပါ။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်မက်တွေ မိုးထားတဲ့အိမ်ဇာတ်လမ်းတွဲထဲကဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို ဝေမျှပေးလိုက်တဲ့ နေခြည်ဦးရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးရဲ့ ပထမပိုင်းလေးမှာတင်ပဲ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းတွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source and Photo Credit- Nay Chi Oo’s Facebook Account

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။