ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်သဇင်ဟာဆိုရင် "ဇနီးချောများကွန်ရက်" ဇာတ်လမ်းတွဲထဲမှာ လူသိများခဲ့တာဖြစ်ပြီး မော်ဒယ်လ်လောကမှ၊ သရုပ်ဆောင်လောကထဲသို့ ဝင်ရောက်ခဲ့တာပါ ။ ဇာဏ်ခီတို့ ဇနီးမောင်နှံရိုက်ကူးထားတဲ့ "Now and Ever" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်ထားပြီး ဇာတ်ရုပ်ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမက " နတ်" ရုပ်ရှင်ဇာတ်ကားကြီးကို ဘာလီကျွန်းမှာ သွားရောက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Khin Thazin's FB account

သူမဟာ အမြဲတမ်းစမတ်ကျကျ ဖက်ရှင်ဒီဇိုင်းအသစ်တွေနဲ့ စတိုင်ကျလှပနေသူလေးလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေပါမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်သူလေးဖြစ်ကာ တကယ်ကို လေးစားအားကျစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြည့်မိသူတိုင်း ရင်ခုန်သွားစေလောက်အောင် လန်းလွန်းတဲ့အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit - Khin Thazin's FB account

ဒါ့အပြင် မင်းသမီးချောလေး ခင်သဇင်က " မင်း မြတ်နိုးတဲ့ အဆီလေးတွေ ပါသွားမယ်လို့ စဉ်းစားမိတိုင်း တို့ ဝိတ်မချဖြစ်သေးဘူးကွာ " ဆိုတဲ့ စာသားလေးကိုပါရေးသားထားတာကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရပါသေးတယ်နော်။ သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးစားလေးနဲ့ အရမ်းစမတ်ကျနေတဲ့ ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးလည်း ခင်သဇင်ရဲ့ အလန်းစား ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ ရှေ့ဆက်ပြီးလည်း သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။ 

Photo Credit - Khin Thazin's FB account
Photo Credit - Khin Thazin's FB account

Photo Credit - Khin Thazin's FB account

Source  - Khin Thazin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။