ငယ်ငယ်တည်းက ပိုင်နိုင်ပီပြင်စွာသရုပ်ဆောင်နိုင်စွမ်းရည်ကြောင့် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ယွန်းယွန်းကတော့ အခုဆိုရင် ပထမနှစ်ကျောင်းသူကြီးတောင် ဖြစ်လို့လာခဲ့ပါပြီ။ "မနေ့ကဖြစ်သည်" ဇာတ်ကားနဲ့ ပရိသတ်ကို ထပ်မံဖမ်းစားနိုင်ခဲ့ပြီး လက်ရှိမှာတော့ ပညာရေးနဲ့ အနုပညာအလုပ်တွေကို မျှပြီးလုပ်နေတယ်လို့ သိရပါတယ်။

လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ နာမည်ကြီးတဲ့ ဒါရိုက်တာဝိုင်းရဲ့ တပည့်တစ်ဦးဖြစ်ပြီး ဒါရိုက်တာဝိုင်းကလည်း ယွန်းယွန်းကို မင်းသမီးတင်ရိုက်မယ်ဆိုပြီး ပြောထားပါသေးတယ်။ သို့ပေမဲ့ လက်ရှိချိန်ထိမရိုက်ဖြစ်သေးတဲ့ အကြောင်းကိုတော့ အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

‘‘ယွန်းယွန်း က ပစ်ထားရဦး မှာ။ ဘာလို့ ပစ်ထားရမှာလဲဆို တော့ သူလူကြီးစိတ်ဝင်အောင် အရင်လုပ်ရမယ်။ လူကြီးစိတ်ဝင် မှသာလျှင် ကလေးသရုပ်ဆောင် အက်တင်တွေ သူပျောက်မှာ။ အခုအချိန်မှာ သူလူကြီးအက်တင် တွေကို စွတ်လုပ်နေရင် ပရိသတ် က သူ့ကိုကြည့်ရတာ သိပ်အဆင် ပြေမယ်မထင်ဘူး။ အဲဒါကြောင့် သူ့ကို ၂ နှစ်တန်သည်၊ သုံးနှစ် တန်သည် ခဏတော့ ပစ်ထားရ ဦးမယ်။ အဲဒီအချိန်မှာ ပညာရေး လေးနင်းလုပ်ပေါ့။ သူ့ရဲ့ဦးနှောက် ရော၊ ကျန်တဲ့ပညာရပ်အရည်အ ချင်းရော၊ ကျန်တဲ့ဗဟုသုတရော ဒီအချိန်မှာ သူ့အတွက် လေ့လာ ပါဆိုပြီး အစ်ကိုအသာလေးလွှတ် ထားတယ်’’ လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ် ပရိသတ်ကြီးရေ........

Source: 7Day News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။