ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ စပိန်နှင့် မော်ရိုကို နိုင်ငံ နှစ်နိုင်ငံကြား ထိစပ်နေတဲ့ နယ်စပ်မျဉ်းများအကြောင်းကို စိတ်ဝင်စားဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နယ်စပ်မျဉ်းများတွင် နိုင်ငံနှစ်ခုအကြားရှိ မြေပြင်တွင် ရေးဆွဲထားသော အမှတ်အသားများရှိသလို စိတ်ကူးဖြင့်ရေးဆွဲထားသော မမြင်ရတဲ့ မျဉ်းများလည်းရှိကြပါတယ်။ အချို့သော နှစ်နိုင်ငံ နယ်စပ်မျဉ်းများဟာ သာမာန်နယ်စပ်များနှင့် မတူညီဘဲ ထူးခြားသော လက္ခဏာများရှိနေကြောင်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတစ်ခုဖြစ်တဲ့ "Ceuta"ဟာ ၁၈ ဒသမ ၅ စတုရန်း ကီလိုမီတာ(၇ ဒသမ ၁ စတုရန်းမိုင်) ကျယ်ဝန်းပါတယ်။ မြောက်အာဖရိကတိုက်ရဲ့ မြောက်ဘက်ကမ်းခြေတွင် တည်ရှိတဲ့ သီးခြားနယ်မြေတစ်ခု ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံက စပိန်နိုင်ငံပိုင်သော ထိုနေရာကို ဝန်းရံထားပြီး ဂျီဘရော်တာ ရေလက်ကြားရှိ အီဘာရီယန် ကျွန်းဆွယ်က နယ်မြေကို ပိုင်းခြားထားတာ ဖြစ်ပါတယ်။ ထို့ကြောင့် "Ceuta" ဟာ မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ရဲ့ နယ်စပ်တွင် တည်ရှိနေတာ ဖြစ်ပါတယ်။
မော်ရိုကိုနိုင်ငံဟာ "Ceuta"ကို စပိန်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့ "Melilla" နှင့် အတူ ပိုင်ဆိုင်ကြောင်းတောင်းဆိုခဲ့ပါတယ်။ မော်ရိုကိုနှင့် စပိန်နိုင်ငံ နယ်စပ်ကို မြေထဲပင်လယ်တွင် ကျွန်းများလည်းရှိနေတာကြောင့် စပိန်နိုင်ငံဟာ မော်ရိုကိုရဲ့ နယ်စပ်ကို သုံးမီတာမြင့်၍ အပေါ် တွင် ဆူးလိပ်များ တင်ထားသော စည်းရိုးဖြင့် တားဆီးကာ နယ်မြေသတ်မှတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းအံ့သြဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွာမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။
Source မောင် သာ ရှေးဟောင်းသုတေသန
photo credit WIKIPEDIA
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။