နည်းပညာတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ပြီးတော့ ကိုရီးယားမင်းသားလေးနဲ့တူတာကြောင့် social networkမှာနာမည်ကြီးပြီး နှုတ်ခမ်းနီမလေးတွေအသည်းစွဲဖြစ်ခဲ့တဲ့ စိုင်းဝဏ္ဏအောင်ကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူဟာ မော်ဒယ်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာလောကထဲဝင်ရောက်လာပြီး ရုပ်ရှင်ကားကြီးများမှာပါ ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ပါ။ စိုင်းဝဏ္ဏအောင်ဟာ လတ်တလောတွင် မြန်မာနိုင်ငံရဲ့ပထမဆုံးBLစီးရီးတစ်ခုဖြစ်တဲ့ innocenceဇာတ်လမ်းမှာ မြူခိုးအနေနဲ့ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။


Photo Credit-Saiwunna Aung's Facebook acc
Photo Credit-Saiwunna Aung's Facebook acc

စိုင်းဝဏ္ဏအောင်ဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင် "Saiနဲ့ Jay"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ Jay Baasဟာလည်း innocenceဇာတ်ကားမှာ ချစ်စရာကောင်းတဲ့CEOပေါက်စလေး တုနှိုင်းခအနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်စဖွယ်stickerလေးတွေနဲ့ အသည်းယားဖွယ်selfieလေးတွေကိုတင်ပေးခဲ့တာပါ။


Photo Credit-Saiwunna Aung's Facebook acc
Photo Credit-Saiwunna Aung's Facebook acc

ပရိတ်သတ်ကြီးစောင့်စားနေတဲ့ ဒီinnocenceဇာတ်လမ်းတွဲဟာလည်း မကြာခင်တွင်ပရိတ်သတ်တွေရှေ့ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုတွေရှိခဲ့သော်လည်း ပရိသတ်တွေမျှော်လင့်ထားသလို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်လာရင် ပရိတ်သတ်တွေသဘောကျကြမယ်ထင်ပါတယ်နော်။ ချစ်စရာကောင်းနေတဲ့ Saiနဲ့Jayတို့ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Saiwunna Aung's Facebook acc
Photo Credit-Saiwunna Aung's Facebook acc

Source-Saiwunna Aung's Facebook acc

Photo Credit-Saiwunna Aung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။