ပရိသတ်တွေရဲ့အချစ်တော် ထိပ်တန်းမင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ကလေးလူကြီး ယောကျ်ားမိန်းမမရွေး အားလုံးက ချစ်ခင်ကြရတဲ့ နာမည်ကျော် သရုပ်ဆောင်အနုပညာရှင်တစ်ဦးအဖြစ် ထင်ရှားသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်အဖြစ် ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရပ်တည်ခဲ့တဲ့ အူဝဲကတော့ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကိုလည်း မွေးဖွားပိုင်ဆိုင်ထားကာ ကြည်နူးစရာမိသားစုဘဝလေးကို ဖြတ်သန်းနေသူလေးမို့လည်း ပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Li John Photography
Photo Credit - Amazing Grace

အူဝဲကတော့ ချစ်ခင်ပွန်းဖြစ်သူ ပြေတီဦးက သူမအပေါ်အရမ်းချစ်တတ်ပြီး အလိုလိုက်ကာ စိတ်ချမ်းသာအောင် အမြဲထားတဲ့ အကြောင်းလေးတွေနဲ့ အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

ပြီးခဲ့တဲံရက်ပိုင်း ကဇနီးမောင်နှံနှစ်ယောက် တစ်ယောက်က ဂီတာတီးပြီး တစ်ယောက်က သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကို မျှဝေခဲ့ကာ ပရိသတ်တွေကလည်း သဘောကျနေကြပြီး သူမဂီတာတီးတဲ့အကြောင်းလေးနဲ့ ဦးတီက စနောက်ချင်လို့ ဗီဒီယိုဖိုင်လေးကို လိုင်းပေါ်တင်ခဲ့တဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Eaindra Kyaw Zin's FB Account
Photo Credit - Li John Photography

ပရိသတ်အသည်းကျော် စုံတွဲလေးဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ အိမ်ထောင်ကျပြီးကတည်းက ချစ်သူများနေ့တွေ ဘာတွေမရှိတော့သလို အရေးလည်းမကြီးတော့ပေမယ့် အရမ်းချစ်တတ်ပြီး စိတ်ချမ်းသာအောင် အမြဲအလိုလိုက်တဲ့ ခင်ပွန်းဖြစ်သူဦးတီကြောင့် ကြည်နူးပျော်ရွှင်ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း အမြဲပျော်ပျော်နေတတ်ကြသလို ဟာသလေးတွေကို ကြိုက်တာလေးတွေကိုလည်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ပြောပြထားတဲ့ ပရိသတ်တွေအသည်းကျော်လေး အူဝဲရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin's FB Account
Photo Credit - Li John Photography

Photo Credit - Li John Photography & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။