ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်မင်းသားချောနေတိုးကတော့ အောင်မြင်ကျော်ကြားပြီး အနေအေးကာ တည်ငြိမ်ပြီးယောကျ်ားပီသတဲ့ဟန်ပန်ပုံရိပ်တွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲရင်ထဲ တိုးဝင်နေရာယူထားတဲ့ နေတိုးဟာ သူ့ရဲ့ကာရိုက်တာနဲ့ ဇာတ်ရုပ်တွေတိုင်းကို အကောင်းဆုံးကြိုးစားတတ်ပြီး ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nay Toe's FB Account Page
Photo Credit - Nay Toe's FB Account Page

နေတိုးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် သူနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ရွာဇော်ကြီး" ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

တစ်လခွဲအတွင်း အားချင်းစီစဉ်ရပေမယ့် မထင်မှတ်လောက်အောင်ကို အံဝင်ဂွင်ကျဖြစ်ပြီးဇာတ်ကားလေးနဲ့ လိုက်ဖက်သွားတာလေးကလည်း အမှတ်တရဖြစ်သလို ဇာတ်ကားရဲ့နာမည်ပြောင်းလိုက်တဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။

Photo By Myanmarload
Photo Credit - Nay Toe's FB Account Page

"ဆေးပြင်းလိပ်ခဲတာကျတော့ သီချင်းထဲမှာမပါဘူး ဒါရိုက်တာက ဆေးပြင်းလိပ်ခဲချင်တယ် ဝတ်စားဆင်ယင်မှုအပိုင်းမှာ ရွာမှာဂေါ်လီနည်းနည်းလုပ်ပြီး အဝတ်အစားဝတ်တာလေးကလည်း ဖက်ရှင်ဖြစ်တယ်ဆိုတာနဲ့ ရွာဇော်ရဲ့ကာရိုက်တာကို ဦးထုပ်လေးဆောင်းဖြစ်တယ် အကျႌလေးတွေကို လက်ခေါက်ပြီး နည်းနည်းပဲများထားတာပေါ့.." ဆိုပြီး နေတိုးက ပြောပြထားတာပါ..။

ဇာတ်ရုပ်ပေါ်မှာ ကားတိုင်းကို အပီပြင်ဆုံးဖြစ်အောင် ကြိုးစားထားကြရတာဖြစ်သလို ဒီကားလေးကလည်း ပရိသတ်မထင်မှတ်ထားတဲ့ ဇာတ်တွေလည်း ပါပြီး ထွေလာလေးတွေကို ပရိသတ်တွေနှစ်သက်သဘောကျကြလို့လည်း ဝမ်းသာတဲ့အကြောင်းလေးတွေ ပြောပြထားသေးတဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Toe's FB Account Page
Photo By Myanmarload

Photo Credit - Nay Toe's FB Account Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။