ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ အသေးဆုံး နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ "Republic of the Marshall Islands" မာရှယ်ကျွန်းများနိုင်ငံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit WIKIPEDIA

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရှယ်ကျွန်းများနိုင်ငံတွင် နှစ်မီတာအမြင့်ရှိတဲ့ မျှော်စင်များဟာ နိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပါတယ်။ ကျွန်းနိုင်ငံရဲ့ ဧရိယာကတော့ ၁၈၁ ဒသမ ၃ စတုရန်းကီလိုမီတာ ဖြစ်ပါတယ်။ မာရှယ်ကျွန်းများနိုင်ငံကို မျဉ်းပြိုင် အနေ အထားတည်ရှိနေတဲ့ ကျွန်းနှစ်ကျွန်း သို့မဟုတ် ကျွန်းတွဲနှစ်ခုက ပိုင်းခြားထားတာပါ။ ပင်လယ်ပြင်သို့ ထိုးထွက်နေတဲ့ ရေပြင် ဧရိယာများကိုပါ ထည့်တွက်လိုက်ပါက စတုရန်းကီလိုမီတာ နှစ်သန်းမျှပဲ ရှိပါတယ်။

photo credit WIKIPEDIA

၁၉၈၆ ခုနှစ်တွင် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်လာသော မာရှယ်ကျွန်းများနိုင်ငံဟာ လူဦးရေ ၅၄၆၀၀ ခန့်နေထိုင်လျက်ရှိပါတယ်။ မာရှယ်ကျွန်းများဟာ ၁၉၅၀ ခုနှစ်များက နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့တာကြောင့် ထင်ရှားလာခဲ့ပါတယ်။ အဲ့ဒီအချိန်အခါတုန်းက နျူကလီးယားစမ်းသပ်မှုများကို ကမ္ဘာ့ဆွတ်ပျံ့ဖွယ် နေရာတစ်ခုဖြစ်သော ဘီကနီကျွန်းမှ ကီလိုမီတာ ၁၆၀အကွာ နေရာတွင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEIA 

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။