ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ နေရာတစ်ခုအထိရောက်ရှိအောင်မြင်နေသလို ဟန်ဆောင်မှုကင်းကင်း စကားပြောပွင့်လင်းတာတွေကြောင့်လည်း ပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်အေသင်ချိုဆွေပဲ ဖြစ်ပါတယ်..။

သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားသလို ချစ်စရာကောင်းတဲ့ သမီးလေး အိုင်ဗီလေးနဲ့လည်း ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ကာ Single Mother အဖြစ် ဘဝကို ရဲရဲဝင့်ဝင့်ဖြတ်သန်းနေသူလေးမို့လည်း ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ..။


Photo Credit - Athen Cho Swe's FB Page
Photo Credit - Athen Cho Swe's FB Page

အေသင်လေးကတော့ ပရိသတ်တွေနဲ့ လူမှုကွန်ယက်အကြား လူပြောများပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြရတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိန်းအမှုကိစ္စနဲ့ ပတ်သက်ပြီး သားသမီးချင်း ကိုယ်ချင်းစာဖို့နဲ့ လူသားချင်းစာနာကို ပြောကာ သူမရဲ့ အမြင်လေးတွေကို ပရိသတ်တွေကိုပြောပြလာပါတယ်နော်.. ။

ကျူးလွန်သူတွေက အသက်မပြည့်သေးဘူးဆိုရင် အပြစ်တော့ပေးသင့်ပြီး လူကြီးမိဘတွေက သူတို့အပြစ်တွေကို ဖုံးကွယ်ပေးထားမယ်ဆိုရင် သူတို့လေးတွေကြီးလာရင် ပိုဆိုးဖို့ပဲရှိသလို အခုအချိန်မှာ အိမ်အပြင်မထွက်ရဲဘူးဆိုရင်လည်း တစ်သက်လုံးအိမ်ထဲကအိမ်အပြင်မထွက်ဘဲ လူမုန်းခံပြီး မနေဘဲ အနာဂတ်အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံယူသင့်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Athen Cho Swe's FB Page
Photo Credit - Athen Cho Swe's FB Page

“ကလေးတစ်ယောက် စဖွံ့ဖြိုးရမယ့်အချိန်မှာ ဒီလိုမျိုးတွေဖြစ်တယ်ဆိုတော့ ဗစ်တိုးရီးယားအတွက်လည်း မကောင်းဘူး အခုသတင်းထွက်နေတဲ့ ကလေးတွေအတွက်လည်း မကောင်းဘူးပေါ့နော် နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းဘူး အဲ့တော့ မျှတတာတော့ ဖြစ်စေချင်တယ် ပြီးတော့ မြန်မာနိုင်ငံမှာ တရားဥပဒေမစိုးမိုးသလိုပဲ ပြောရရင်လည်း အဆဲခံရဦးမယ် မပြောတော့ပါဘူး ပြောချင်တာက ဘာလဲဆိုတော့ သားသမီးချင်း ကိုယ်ချင်းစာပါ လူသားချင်းစာနာပါ လူသားဆန်စွာ အသက်ရှင်ကြပါလို့ပဲ အေသင်ပြောချင်တယ် ဒါ ဒီစကားထဲမှာအကုန်လုံးပါသွားပြီ ..” ဆိုပြီး အေသင်က ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ သမီးလေးဗစ်တိုးရီးယားရဲ့ အမှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ အေသင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Athen Cho Swe's FB Page
Photo Credit - Athen Cho Swe's FB Page

Photo Credit - Athen Cho Swe's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။