ပရိသတ်ကြီးရေ ဒီ်တစ်ခါမှာတော့ ကမ္ဘာ့ရာဇဝင်သမိုင်းထဲမှ နာမည်ကျော် အုပ်စိုးသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ "Adolf Hitler" ဟစ်တလာ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များအကြောင်း ပြောကြရင် ဟစ်တလာဆိုသော အမည်ကို မသိတဲ့သူ အလွန်နည်းပါးပါလိမ့်မယ်။ ဟစ်တလာဟာ ဂျာမနီနိုင်ငံတွင် နာဇီပါတီကို ထူထောင်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးဖြင့် ထင်ရှားသော အုပ်စိုးသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။

photo credit WIKEPDIA

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက လူအမြောက်အများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွင် တာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သော ဟစ်တလာဟာ သြဇာအာဏာကြီးမားသော အုပ်စိုးသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ဟစ်တလာအာဏာရရှိလာချိန်တွင် နိုင်ငံရဲ့အခြေအနေအရပ်ရပ်က ဆိုးရွားသော အနေအထားတွင်ရှိနေခဲ့ပါတယ်။ ဟစ်တလာက ဂျာမနီနိုင်ငံတွင်ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ် ကို ဂျူးလူမျိုးများအား ဓားစာခံလုပ်ကာ ပုံချခဲ့ပါတယ်။   

photo credit WIKEPDIA

ဟစ်တလာက ဂျာမနီနိုင်ငံတွင် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာအားလုံးဟာ ဂျူးလူမျိုးများရဲ့ အပြစ်ကြောင့်ဖြစ်တယ်လို့ ဂျာမနီပြည်သူများ ယုံကြည် လာစေရန် ဆောင်ရွက်ခဲ့ပါတယ်။ ဂျူးလူမျိုးများအား အလွန်ထိတ်လန့်ဖွယ်ကောင်းလှတဲ့ အမြစ်ပြတ်သုတ်သင်သောလုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့သည့်တိုင် ဟစ်တလာဟာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဆိုးရွားလှတဲ့ စီမံချက်ကို ဆောင်ရွက်ခဲ့ သော်လည်း ဟစ်တလာဟာ ကျွမ်းကျင်ပြောင်မြောက် စွမ်းရည်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူရဲ့ သက်တမ်းကတော့ ၁၈၈၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKEPDIA 

photo credit WIKEPDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။