အနုပညာလောကရဲ့ ဝါရင့်မင်းသားတစ်လက်ဖြစ်သလို ပရိသတ်ချစ်ရတဲ့ မင်းသားတစ်ဦးလည်း ဖြစ်တဲ့ ဦးမင်းဦးကတော့ ကလေးလိုချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ။ တလောက ရှေ့ဆင့်နောက်ဆင့် မင်္ဂလာဆောင်ခဲ့ကြတဲ့ အနုပညာ ညီအကိုမောင်နှမတွေရဲ့ ရင်သွေးမင်္ဂလာသတင်းတွေ ကြားနေရပေမယ့် ဦးမင်းဦးကတော့ ဒီအသက်အရွယ်ထိ ကလေးရမလားဆိုပြီး ရင်ခုန်နေဆဲပါလို့ ဆိုပါတယ်။

"အစ်ကို့ကို သူများတွေက အသက်ကြီးနေပြီ၊ကလေးမယူသေး ဘူးလား၊ ဘယ်တော့ယူမှာလဲလို့မေးကြတယ်။အစ်ကိုကတော့ က လေးလိုချင်ပါတယ်။ အခုချိန်အထိတော့ မရသေးဘူး။တကယ် လို့ ကလေးမရလည်းကိစ္စမရှိဘူး။ကိုယ်တွေရဲ့ ဘဝကိုအဆင် ပြေ ဆုံးဖြစ်အောင်လျှောက်လှမ်းသွားဖို့ပဲရှိတယ်။တစ်ချို့ကိစ္စ တွေ က ကိုယ် ဖြစ်ချင်တိုင်းလည်းဖြစ်ချင်မှဖြစ်တာလေ'' လို့ ဦးမင်းဦးကဆိုပါတယ်။

လက်ရှိမှာတော့ ချစ်တဲ့ အနုပညာအလုပ်တွေကိုပဲဆက်လက်လုပ်ကိုင်နေပြီး "အမုန်းမှသည်" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source: The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။