ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လူတော်တော်များမသိသေးတဲ့ အကြောင်းအရာ အဖြစ်အပျက်လေးတွေကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပုံရိပ်လေးတွေနဲ့အတူ တင်ဆက်ပေးသွားမှာမလို့ အလွယ်တကူ မှတ်သားသိရှိရမှာ ဖြစ်ပါတယ်။ အဲ့လို စိတ်ဝင်စားဖို့ကောင်းပြီး၊ ဗဟုသုတ သတင်းကဏ္ဍအစုံအလင်ကို အမြဲတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

ပထမဦးဆုံး ပြောပြမှကတော့ ဂျာမဏီနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဂျာမနီနိုင်ငံကို အပေါ်စီးကနေကြည့်မယ်ဆိုရင် ထူးခြားတဲ့ မြင်ကွင်းမျိုးကို မြင်တွေ့ရမှာပါ။ အကြောင်းကတော့ ဂျာမဏီနိုင်ငံရဲ့ အရှေ့နှင့် အနောက် ပြည်နယ်တွေဟာ အရောင်မတူညီတဲ့ မီးလုံးထွန်းညှိထားမှုကြောင့် သာမန် အမြင့်လောက်ကနေမဟုတ်ဘဲ မိုးကောင်ကင်ထက် မြင့်သော အာကာသကနေ ကြည့်မယ်ဆိုရင်တော့ ပင့်ကူအိမ်လိုလို၊ ကွဲအက်နေသော မှန်လိုလို ထူးဆန်းဖွယ် ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ကြရမှာပါ။

photo credit Once A Glance Page

နောက်ထပ် မှတ်သားစရာ အချက်အလက်တွေကတော့ ကမ္ဘာကြီးရဲ့ အဝိုင်းပတ်ယာဉ်ကြော မောင်နှင်းမှု စနစ် ထက်ဝက်ခန့်ဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကားကို အဝိုင်းပတ်မောင်းနှင်ရတဲ့ လမ်းတွေ အလွန်များတာကြောင့်ပါ။ နိုင်ငံများအပြင် တိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ အချက်လက်လေးကတော့ ငါးလိပ်ကျောက် အမဟာ အဖိုမျိုးရည်ကို ကြာရှည်စွာ သိမ်းစည်းနိုင်စွမ်းရှိပြီ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာ ရောက်တော့မှာ ကိုယ်ဝန်လွယ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ နောင်လည်း အခုလိုမျိုး မှတ်သားစရာ အချက်အလက်လေးတွေကို ပုံရိပ်တွေနဲ့တကွ ဖော်ပြပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source Once A Glance Page

photo credit Once A Glance Page 

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။