အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နှိပ်စက်ညှင်းပန်းခံနေရရပါတယ်။ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်မှုကိုလည်း ခံကြရပါတယ်။အဘက်ဘက်က ချွတ်ယွင်းနေချိန်မှာတော့အရပ်(၅)ပေသာရှိတဲ့ စင်ကာပူနိုင်ငံက အသက်(၂၄)နှစ်အရွယ် မွေ့ထိုင်းသင်တန်းဆရာမ Vivian Chan ဟာ အားနွဲ့ပုံရပေမဲ့ အမှန်တကယ်တော့ ယောကျင်္ားတွေနဲ့ ယှဉ်ထိုးနိုင်သူတစ်ဦးပါ။

သူဟာ အမျိုးသမီးသီးသန့် မွေ့ထိုင်းသင်တန်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်သလို သင်တန်းဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ချန်းရဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် သင်တန်းသူတွေက သူ့ကိုမြင်မြင်ချင်း အံ့သြကြပေမဲ့ သူ့ရဲ့သင်ပြမှုတွေ ကန်ချက်တွေကြောင့် အထင်ကြီးလေးစားကြရတယ်လို့ သင်တန်းသူတစ်ဦးက ပြောပါတယ်။  

ချန်းကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ဦးလေးက အသက်(၁၇)နှစ်ကတည်းက မွေ့ထိုင်းပညာကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ချန်းဟာ ခန္ဓာကိုယ်အရွယ်အစား သေးလွန်တာကြောင့် ဦးလေးဖြစ်သူက မသင်စေလိုပေမဲ့ သူဟာ ကြိုးစားသင်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ပြိုင်ပွဲမဝင်တော့ဘဲ နည်းပြအဖြစ် ပြောင်းလဲ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းက သူ့ရဲ့သင်တန်းဟာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ ဖွင့်လှစ်ပေးထားပေမဲ့ သင်တန်းကို လာရောက်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နှိပ်စက်ညှင်းပန်းခံနေရတာကြောင့် လာရောက်သင်ကြားတာ ဖြစ်တယ်လို့ သိရတဲ့အခါ သင်တန်းကို အမျိုးသမီးသီးသန့်သာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ 

ဒီလိုဖွင့်လှစ်ပေးလိုက်တဲ့အတွက် အမျိုးသမီးတွေဟာ ပြသနာတွေကို ရင်ဖွင့်တိုင်ပင်ရာမှာ ပိုမိုပွင့်လင်းမှုရှိလာပြီး ယုံကြည်ချက် ပိုရလာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင်ကလည်း သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်မှုကို ခံခဲ့ရတာကြောင့် နားလည်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Source: ABC

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။