photo credit - liquipedia

Vitrus.pro အသင်းရဲ့ လက်ရှိ sup player Zayac ရဲ့နာမည်အရင်းကတော့ Bakyt Emilzhanov ဖြစ်ပြီး သူဟာ Kyrgyzstan နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 12 လပိုင်း 2 ရက်နေ့ဖြစ်တာကြောင့် Zayac ဟာ အခုဆိုရင် အသက် 21 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Zayac pro Secen ပေါ်ရောက်လာခဲ့တာကတော့ 2015 ခုနှစ်လောက်ကဖြစ်ပြီး NoLifer5 မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2016 ခုနှစ် 6 လပိုင်း 1 ရက်နေ့မှာတော့ Zayac ဟာ Elements Pro Gaming ကိုပြောင်းရွှေ့ခဲ့ပြီး 8 လပိုင်းမှာပြန်လည်ထွက်ခွာခဲ့ပါတယ်။

2016 ခုနှစ် 9 လပိုင်းမှာတော့ Zayac ဟာ NoLifer5.Reborn ကိုပြောင်းရွှေ့ခဲ့ပြီး 2017 ခုနှစ် 1 လပိုင်း 2 ရက်နေ့မှာ MVP Revolution ကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ Zayac ဟာ 2017 ခုနှစ် 9 လပိုင်းအထိကစားခဲ့ပြီးနောက် Vega Squadron ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Vega Squadron မှာတော့ Zayac ဟာ 2018 ခုနှစ် 9 လပိုင်းအထိ ကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 10 လပိုင်းမှာတော့ Zayac ဟာ The Pango ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 4 လပိုင်း8 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2019 ခုနှစ် 4 လပိုင်း 24 ရက်နေ့မှာတော့ Zayac ဟာ Natus Vincere ကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 2 လပိုင်း 2 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Zayac ဟာ Virtus.pro အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ယနေ့ထက်ထိ ၎င်းအသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။